ဖော်ပြချက်/အကြောင်းအရာ:
"မြန်မာနိုင်ငံအနှံ့အပြားတွင် မှီတင်းနေထိုင်ကြသည့် လူ့အဖွဲ့အစည်းများသည်
၎င်းတို့၏ အသက်မွေးဝမ်းကြောင်း၊ အစားအစာ လုံခြုံမှု၊ ယဉ်ကျေးမှု နှင့်
အမျိုးသား လက္ခဏာများအတွက် သစ်တောများကို ဓလေ့ထုံးတမ်းဆိုင်ရာ
လုပ်ကိုင်ပိုင်ဆိုင်ခွင့် စနစ်များဖြင့် စီမံခန့်ခွဲကြသည်။ သို့သော် သစ်တော
ဥပဒေနှင့် သစ်တောနည်းဥပဒေများတွင် ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ကိုင်
ပိုင်ဆိုင်ခွင့်များကို လုံလောက်စွာ အသိအမှတ် ပြုထားခြင်းမရှိပါ။ မူဝါဒ၊
ဥပဒေနှင့် အလေ့အကျင့်များတွင် ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ကိုင်ပိုင်
ဆိုင်ခွင့်များကို အသိအမှတ်ပြုရန် အလွန်အရေးပါသည်။ ထို့သို့ပြုလုပ်ခြင်း
အားဖြင့် လူ့အဖွဲ့အစည်းများအနေဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ရာသီဥတု
ပြောင်းလဲမှုများကို လျှော့ချရန် နှင့် သင့်တင့်စွာပြုမူနေထိုင်နိုင်ရန်၊ နှင့်
ဇီဝမျိုးကွဲများကို ထိန်းသိမ်းရန်အတွက် အသက်တမျှအရေးပါသည့်
သစ်တောများကို ကာကွယ်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်စီမံ
ခန့်ခွဲမှုများကို ဆက်လက်ပြုလုပ်နိုင်မည် ဖြစ်သည်။
၁၉၉၄ သစ်တောဥပဒေကို ၂၀၁၈တွင် ပြင်ဆင်ခဲ့ပြီး၊ ယခုအခါ သစ်တောနည်း
ဥပဒေသစ်နှင့် ပက်သက်၍ ဆွေးနွေးညှိနှိုင်းရေးဖြစ်စဉ်ကို ပြုလုပ်လျှက်
ရှိသည်။ နည်းဥပဒေများသည် ဥပဒေကို မည်သို့အကောင် အထည်ဖော်မည်ကို
ရှင်းလင်းဖော်ပြပေးသည်။ သစ်တောဦးစီးဌါနနှင့် ၎င်း၏ စီစဉ်သူအဖွဲ့တို့သည်
တိုင်းနှင့်ပြည်နယ် (၁၄) ခုတွင် ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်ခဲ့သည်။
အရပ်ဖက်အဖွဲ့အစည်း များမှလည်း ဒေသခံ လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး
ဥပဒေကို ပြန်လည် သုံးသပ်ခြင်းနှင့် နည်းဥပဒေများအတွက် အကြံပြုခြင်
းများပြု လုပ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ဤအကြံပြု
ချက်များပါဝင်သည့် အစီရင်ခံစာကို သစ်တောဥပဒေနှင့် နည်းဥပဒေကို
အသေးစိတ်စီစစ်ခြင်း၊ သစ်တောဦးစီးဌါနမှ ပြည်နယ်နှင့်တိုင်းများတွင်
ပြုလုပ်ခဲ့သည့် ဆွေးနွေးညှိနှိုင်းပွဲများ၏ ဆွေးနွေးချက်မှတ်တမ်းများ၊
အရပ်ဖက်အဖွဲ့အစည်းများနှင့် ကယား၊ချင်း၊ရှမ်း၊ကရင်၊ ကချင်ပြည်နယ်နှင့်
တနင်္သာရီတိုင်းများရှိ လူ့အဖွဲ့အစည်းများမှ တင်ပြလာသည့် အကြံပြုချက်များ
နှင့် CHRO၊ RECOFTC ၊ SHANAH ၊ KMSS-Loikaw နှင့် OneMap
အပါအဝင် ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများအပေါ်တွင် အခြေခံပြု
စုထားသည်။
ဤအစီရင်ခံစာတွင် ဓလေ့ထုံးတမ်းဆိုင်ရာ လုပ်ကိုင်ပိုင်ဆိုင်ခွင့်များကို
ပိုမိုကောင်းမွန်စွာ အသိအမှတ်ပြုနိုင်ရန်နှင့် ဆွေးနွေးညှိနှိုင်းမှုဖြစ်စဉ်
တလျှောက်တွင် တောင်းဆိုခဲ့သည့်ပြုပြင်ပြောင်းလဲရေးများကို ပြုလုပ်နိုင်ရန်
အတွက် လိုအပ်သည့် သစ်တောဥပဒေနှင့် သစ်တောနည်း ဥပဒေများဆိုင်ရာ
အဓိကအကြံပြုချက်များကို အနှစ်ချုပ်တင်ပြထားသည်။..."
ရင်းမြစ်:
Mekong Region Land Governance
Date of Publication:
2019-12-00
Date of entry:
2021-10-10
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
2.82 MB
Resource Type:
text
Text quality:
- Good
