ဖော်ပြချက်/အကြောင်းအရာ:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် ( ၄/ ၂၀၂၁)
၁၃၈၃ ခုနှစ်၊ တော်သလင်းလဆန်း၊ ၃ ရက်
( ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ ၈ရက် )
၁။နိုင်ငံတော်၏အာဏာကို အကြမ်းဖက်စစ်ကောင်စီမှ မတရားသိမ်းပိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အကြမ်းဖက်စစ်ကောင်စီမှ ခန့်အပ်သည့် ဦးဝဏ္ဏမောင်လွင် စိတ်တိုင်းကျ ဖွဲ့စည်းခဲ့သော ဌာနတွင်းစောင့်ကြည့်ရေးအဖွဲ့ဝင်များနှင့် စစ်ကောင်စီအလိုကျ ဌာနတွင်းအရာရှိများကြောင့် ပြည်သူနှင့်အတူရပ်တည်ပြီး အာဏာဖီဆန်ခဲ့ကြသည့် CDM ပြည်သူ့ဝန်ထမ်းများ ဖမ်းဆီးထောင်ချခံရခြင်း၊ အရပ်သားအစိုးရကို ထောက်ခံခဲ့သူများ/ ၎င်းတို့ စိတ်ချယုံကြည်ခြင်းမရှိသည့် တက်ကြွလှုပ်ရှားသူဝန်ထမ်းများ ဌာနတွင်း နေရာပြောင်းရွှေ့ ခံရခြင်း၊ CDM လှုပ်ရှားမှု မပြုလုပ်ရန်/ထောက်ခံခြင်းမပြုရန် သတိပေး ခြိမ်းခြောက်ခံရခြင်း၊ CDM ဝန်ထမ်းများအား ခြိမ်းခြောက်၍ ရုံးပြန်တက်စေခြင်း၊ စစ်ကောင်စီအား မထောက်ခံ၍ အလုပ်မှ နုတ်ထွက်လိုသည့် ဝန်ထမ်းများအား နုတ်ထွက်ခွင့်/လုပ်သက်ခွင့်တင်ခြင်းများ ခွင့်မပြုခြင်း စသည်ဖြင့် ဝန်ထမ်းအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများ ချိုးဖောက်ခံရလျက် ရှိကြောင်း သိရှိရပါသည်။
၂။ထို့အပြင် အရပ်သားအစိုးရလက်ထက်၌ ပြည်သူ့ဝန်ထမ်းနှင့် မိသားစုများအတွင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို ကုစားနိုင်ရန် ၂၀၂၀ ပြည့် နှစ်၊ အောက်တိုဘာလမှစတင်၍ အတိုးမဲ့ ချေးငွေ(၂)လစာအား ထုတ်ချေးခဲ့ပြီး ပြန်ဆပ်ရန် မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများက CDM ဝန်ထမ်းများအား အဆိုပါ ချီးမြှင့်ငွေများကို (၆)လအတွင်း ပြန်လည် ပေးဆပ်ရန်နှင့် မပေးဆပ်ပါက တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိကြောင်း၊ အလားတူ အရပ်သား အစိုးရလက်ထက်တွင် ပြည်ပသို့ ပညာတော်သင် သွားရောက်ခဲ့ပြီး မိခင်ဝန်ကြီးဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည့် သတ်မှတ်ကာလမပြည့်မီ စစ်ကောင်စီအား ဆန့်ကျင်၍ ပြည်သူ့ဘက်မှ ရပ်တည်ခဲ့သည့် CDM ဝန်ထမ်းများကိုလည်း လျော်ကြေးငွေပေးသွင်းရန်နှင့် လျော်ကြေးငွေ မပေးသွင်းပါက တရားစွဲဆိုမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း သိရှိရပါသည်။
၃။သို့ပါ၍ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီလက်ပါးစေအဖွဲ့နှင့် တာဝန်ပေး စေခိုင်းသည်ထက်ကျော်လွန်၍ ပြည်သူ့ဘက်တော်သား CDM ဝန်ထမ်းများအား စောင့်ကြည့် ဖိအားပေး နှိပ်ကွပ်လျက်ရှိသည့် အောက်ဖော်ပြပါ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ဝန်ထမ်းများ (ပထမအသုတ်) အား ပြည်သူ့အကျိုးငှာ အမည်ပျက်စာရင်း (BLACK LIST) ရေးသွင်း၍ ပြင်းထန်စွာ သတိပေးလိုက်သည်။..."
ရင်းမြစ်:
Ministry of Foreign Affairs - Myanmar - NUG
Date of Publication:
2021-09-08
Date of entry:
2021-09-12
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
726.07 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
