ညွှန်ကြားချက်အမှတ် ၃ / ၂၀၂၁ - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့် ပတ်သက်သော ညွှန်ကြားချက်

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့် ပတ်သက်သော ညွှန်ကြားချက် ညွှန်ကြားချက်အမှတ် ၃ / ၂၀၂၁ ****************************************************** ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးသည် စစ်မြေပြင်တွင် အောက်ပါစည်းမျဉ်း စည်းကမ်းများ ကို တိကျစွာလိုက်နာရမည်။ ( ၁ ) အထက်အမိန့်ကိုနာခံပါ။ ( ၂ ) မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ။ ( ၃ ) မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ။ ( ၄ ) အရေးပေါ် လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းများကို အသုံးပြုရပါက တန်ရာ တန်ဖိုး ပေးပါ။ ( ၅ ) သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုရ၊ သင့်လျော်သောနေရာတွင် ထိန်းသိမ်းထားရမည်။ ( ၆ ) မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်တွင် ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း မပြုရ။ ( ၇ ) ရန်သူ့ထံမှ သိမ်းဆည်းရမိသည့် ငွေ၊ လက်နက်၊ ပစ္စည်းများကို ဆိုင်ရာတပ်မှူးထံ စာရင်းနှင့်တကွ အပ်နှံရမည်။ ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး ဤစည်းမျဉ်း စည်းကမ်းများကို အစဉ်လိုက်နာစေရေး အတွက် ဆိုင်ရာတပ်မှူးများက နှိုးဆော်ကြပ်မတ်ရမည်။ ပြည်သူ့တော်လှန်ရေး အောင်ရမည်။ ( ပုံ ) ရည်မွန် ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

ရင်းမြစ်: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2021-09-07

Date of entry: 

2021-09-07

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

295.87 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: