National Unity Government: Ministry of Planning, Finance and Investment Announcement No.6/2021

ဖော်ပြချက်/အကြောင်းအရာ: 

"တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းညွှန်ချက်ထုတ်ပြန်ခြင်း ------------------------------- ၁။ လက်ရှိမြန်မာနိုင်ငံသည် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် စီမံခန့်ခွဲမှု အလွဲအမှားများအောက်တွင် စီးပွားရေးပြိုလဲခြင်းနှင့် တကျော့ပြန် ကိုဗစ်တတိယလှိုင်းဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည့် အတွက် လွန်စွာခက်ခဲသောအချိန်နှင့် ရင်ဆိုင်နေရပါသည်။ ၂။ အကြမ်းဖက်စစ်ကောင်စီ ရှိနေသမျှ ကာလပတ်လုံး မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခများသည် လျော့ပါးသက်သာလာမည် မဟုတ်ပါ။ ၃။ မြန်မာနိုင်ငံသည် သဘာ၀သယံဇာတအရင်းအမြစ်ပေါများပြီး၊ လူသားအရင်းအမြစ်ကြွယ်၀ခြင်းကြောင့် အခြေခံအားဖြင့် ဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ ၄။ သို့သော် ယခုအခါ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ကျင့်ဝတ်သိက္ခာရှိသည့် ရင်းနှီးမြှုပ်နှံမှုများအတွက် အဆိုပါ ရေခံမြေခံကောင်းများသည် ပြိုလဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ ၅။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အာဏာအား မတရားလုယူထားချိန်တွင် ကျင့်ဝတ်သိက္ခာရှိသော ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် မဖြစ်နိုင်သည့်အပြင် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွင်းရှိ ပြည်နယ်များ၏ အခွင့်အရေးများကို ထိပါးချိုးဖောက်ရာ ရောက်နိုင်သည့်အတွက် မည်သည့်ရင်းနှီးမြှုပ်နှံမှု အသစ်ကိုမဆို အသိအမှတ်ပြုလက်ခံ မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ၆။ အာဏာသိမ်းမှု မကျူးလွန်မီ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတည်ပြုမိန့်၊ ခွင့်ပြုမိန့်များအား ဆက်လက်၍ အသိအမှတ်ပြုလက်ခံသွားမည်ဖြစ်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုများ၏ သဘာ၀ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ကျင့်ဝတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်နေမှုများအား ပံ့ပိုးကူညီသွားမည် ဖြစ်သည်။ ၇။ ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့် မိမိတို့၏ ဆက်လက်တည်ရှိမှုသည် မြန်မာပြည်သူများအတွက် ဆိုးကျိုးထက် ကောင်းကျိုးပိုမိုဖြစ်ထွန်းမှု ရှိ/မရှိအား အလေးအနက်ထား ချင့်ချိန်ဆန်းစစ်ကြရန် တိုက်တွန်းအပ်ပါသည်။ ၈။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနအနေဖြင့် လက်ရှိရင်းနှီးမြှုပ်နှံထားသော (သို့မဟုတ်) ရင်းနှီးမြှုပ်နှံရန်စဉ်းစားပြင်ဆင်နေသော စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်အလို့ငှာ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဤလမ်းညွှန်ချက်ကို ထုတ်ပြန်အပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-07-21

Date of entry: 

2021-08-01

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

English

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

911.17 KB

Text quality: 

    • Good

Remote URL: