National Unity Government: Ministry of Planning, Finance and Investment Announcement No.7/2021 - စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက် (၇/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကြေညာချက် (၇/၂၀၂၁) ဩဂုတ်လ ၇ ရက် ၂၀၂၁ ခုနှစ် “CDM ပြုလုပ်လျှက်ရှိသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများနှင့်အတူ တသားတည်းရပ်တည်လျှက်ရှိကြောင်း နှင့် ဘဏ်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ်ခွဲခြားဆက်ဆံနေမှုများကို အမြန်ဆုံး ရပ်တန့်ရန် အသိပေးတိုက်တွန်းခြင်း” ================================== ၁။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာအား မတရားသဖြင့် အဓမ္မလုယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်၍ နိုင်ငံ့ဝန်ထမ်းအာဇာနည်များနည်းတူ၊ အာဏာရှင်တော်လှန်ရေး CDM လှုပ်ရှားမှုတွင် တခဲနက်ပါဝင်ခဲ့ကြသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းအာဇာနည်များအား လေးမြတ်စွာဂုဏ်ပြု အပ်ပါသည်။ ၂။ ယခုအချိန်ထိ “အဆုံးတိုင်-CDM” ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် အာဏာရှင်တော်လှန်ရေးတွင် မဆုတ်မနစ်၊ မယိမ်းမယိုင်၊ ကြံ့ကြံ့ခံ ရပ်တည်တိုက်ပွဲဝင်နေသည့် ပုဂ္ဂလိကဘဏ်ဝန်ထမ်းများအား ထပ်လောင်းဦးညွှတ် အသိအမှတ်ပြုပါသည်။ ၃။ ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဘဏ်ဝန်ထမ်းများနှင့် အတူတကွ တသားတည်းရပ်တည်လျှက် ရှိပါသည်။ ၄။ အဆိုပါဝန်ထမ်းများ၏ CDM လှုပ်ရှားမှုသည် ပြည်သူများလိုလားတောင့်တလျှက်ရှိသော မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ပျောက်ကွယ်စေရေးအတွက် မွန်မြတ်ထိရောက်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် ဘဏ်လုပ်ငန်းရှင်များအနေနှင့်လည်း အမှန်တရားဖက်တွင်ရပ်တည်၍ အစွမ်းကုန် အားပေးကူညီရန် တာဝန်ရှိပါသည်။ ၅။ သို့ပါ၍ ဘဏ်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါဝန်ထမ်းများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်း၊ ခွဲခြားဆက်ဆံ နေခြင်းများကို အမြန်ဆုံးရပ်တန့်ရန်နှင့် ၎င်းတို့၏အလုပ်အကိုင် အခွင့်အလမ်းကို တနည်းနည်းဖြင့် ပိတ်ဆို့ဟန့်တားနေမှုများကိုလည်း အထူးရှောင်ကျဉ်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။ တင်ထွန်းနိုင် ပြည်ထောင်စုဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန..."

ရင်းမြစ်: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-08-07

Date of entry: 

2021-08-09

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

141 KB

Resource Type: 

text

Text quality: 

    • Good