National Unity Government: Ministry of Planning, Finance and Investment Announcement No.8/2021 - စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက် (၈/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"“အောင်ဘာလေထီလုပ်ငန်းအား အပြီးတိုင်ဖျက်သိမ်းပြီး ဖြစ်သည့်အတွက် လက်ကားဝယ်ရောင်းနေသော ထီလုပ်ငန်းရှင်ကြီးများ အနေဖြင့် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူ၊ ရောင်းချ၊ ဖြန့်ဖြူးခြင်း မပြုကြရန် အထူးသတိပေး တားမြစ်ခြင်း” ================================ ၁။ လောင်းကစားဥပဒေကို ပထမအကြိမ် ပြင်ဆင်သည့်ဥပဒေအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၅) ဖြင့် အတည်ပြုပြဌာန်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ၂။ ထိုသို့ ပြင်ဆင်ပြဌာန်းလိုက်သည့် ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ည) တွင် - “ထီ ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဌာန ပြည်တွင်းအခွန်များဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော “အောင်လံလွှင့်ချီ နွေဦးထီ” ကို ဆိုသည်။” ဟုအတိအလင်းပြင်ဆင် ပြဌာန်းထားပြီးဖြစ်သည်။ ၃။ သို့ပါ၍ လက်ကားထီလုပ်ငန်းရှင်ကြီးများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် လောင်းကစား ဖြစ်သည့် အောင်ဘာလေထီလက်မှတ်များ ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း အလျဉ်းမပြုကြရန် အထူးသတိပေး တားမြစ်လိုက်သည်။ ၄။ တားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်သည့် ထီလုပ်ငန်းရှင်ကြီးများအား တည်ဆဲဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ တင်ထွန်းနိုင် ပြည်ထောင်စုဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန..."

ရင်းမြစ်: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-08-21

Date of entry: 

2021-08-21

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

79.36 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: