Anti-coup’ Forces Coordination Committee – Mandalay: Announcement (6/2021) - စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး): ထုတ်ပြန်ကြေညာချက် (၆/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"Anti-coup' Forces Coordination Committee – Mandalay (AFCC) Announcement (6/2021) Statement of Supporting and Recognizing “Interim National Unity Government -NUG” for Credentials of Representatives of Myanmar at United Nations Note No: 06/Aug/2021 Issue Date: August 12th, 2021 1. We are resisting and fighting against the military coup' and military dictatorship to the best we can, absolutely without giving them acknowledgement. 2. We already issued the public announcement on supporting and recognizing "Interim National Unity Government - NUG’’ (on April 16th, 2021) as a warm welcome of NUG as the legitimate government of Myanmar people. 3. We strongly support the representatives appointed by NUG who fully represent the political will of the people of Myanmar, in search of the credentials in the upcoming UN General Assembly meeting. The representatives appointed by the military junta (State Administration Council), by no means, represent the people of Myanmar. 4. In relation to this, we encourage and call for the entire people of Myanmar from diverse backgrounds as well as the Myanmar activists in international communities to make strenuous efforts and campaigns for NUG to be able to represent Myanmar as the legitimate government in the United Nations. “Dictatorship must fall down” “Revolution must win” Anti-coup' Forces Coordination Committee – Mandalay (AFCC) Contact Info: ◉ Email Address: [email protected] ◉ Signal Number: 09 755 528123, 09 795 888948, 09 894 086826, 09 969 762736 ◉ Facebook Page: https://www.facebook.com/AFCCMandalay/ ❏ The Bodies (Organizations, Strike Groups and Civil Soceities).....စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) ထုတ်ပြန်ကြေညာချက် (၆/၂၀၂၁) ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုခွင့် (Credentials of Representatives) အတွက် “ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ - NUG” ကို အပြည့်အဝ ထောက်ခံကြောင်း ကြေညာခြင်း စာအမှတ်။ ၀၆/ ဩဂုတ် /၂၀၂၁ ရက်စွဲ။ ဩဂုတ် ၁၂ ရက် ၂၀၂၁ ခုနှစ် ၁။ ကျွန်ုပ်တို့သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံဘဲ အစွန်းကုန် ဆန့်ကျင်တွန်းလှန်လျက်ရှိပါသည်။ ၂။ ကျွန်ုပ်တို့သည် “ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ - NUG” ကို မိမိတို့ ပြည်သူလူထုတစ်ရပ်လုံးအား ကိုယ်စားပြုသည့် အစိုးရအဖြစ် အပြည့်အဝ ထောက်ခံကြိုဆိုကြောင်းလည်း (ဧပြီလ ၁၆ ရက် ၂၀၂၁ ခုနှစ်) ရက်စွဲဖြင့် အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ၃။ သို့ပါ၍ ယခုလာမည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် အခွင့်အရေး (Credential Issue) အတွက် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားကို ကိုယ်စားပြုသော “ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ - NUG” က စေလွှတ်သည့် သံကိုယ်စားလှယ်အဖွဲ့ကိုသာ အပြည့်အဝ ထောက်ခံပါကြောင်းနှင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းကစေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့သည် မိမိတို့ကို လုံးဝကိုယ်စားမပြုပါကြောင်း ထုတ်ပြန်အပ်ပါသည်။ ၄။ မိမိတို့ နိုင်ငံတွင်းရှိ တောင်ပေါ်-မြေပြန့် ပထဝီဒေသပေါင်းစုံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့အပြင် နိုင်ငံတကာမှ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတို့အနေဖြင့်လည်း ကမ္ဘာ့ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားပြုခွင့်ကို “ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ - NUG” က ရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပါဝင်ကြိုးပမ်းဆောင်ရွက်ကြပါရန် အထူး နှိုးဆော် တိုက်တွန်းအပ်ပါသည်။ “စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်” “အရေးတော်ပုံ အောင်ရမည်” စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) ဆက်သွယ်ရန်- ◉ အီးမေးလ်လိပ်စာ။ [email protected] ◉ Signal Number: 09 755 528123, 09 795 888948, 09 894 086826, 09 969 762736..."

ရင်းမြစ်: 

Anti-coup Forces Coordination Committee - Mandalay

Date of Publication: 

2021-08-12

Date of entry: 

2021-08-12

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Language: 

English, Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf pdf

အရွယ်အစား: 

65.56 KB 453.08 KB

Resource Type: 

text

Text quality: 

    • Good