Message from the National Unity Government on Kachin Martyrs' Day - ကချင်အာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၀) ရက် ၁။ မြန်မာနိုင်ငံရှိ လူမျိုးအသီးသီးတွင် မိမိလူမျိုးများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တန်းတူ အခွင့်အရေးရရှိရေးတို့အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ အများအပြား ရှိကြပါသည်။ ၂။ ကချင်အမျိုးသားများ၏ အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်စနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် ကချင်အမျိုးသားများအစည်းအရုံး (KIO)၊ ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင် အမျိုးသား ခေါင်းဆောင်များဖြစ်ကြသော KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC – Lahtaw Zau Seng ၊ ဒုတိယ စစ်ဦးစီးချုပ် VCS – Lahtaw Zau Tu နှင့် အထွေထွေအတွင်းရေးမှူး Salang Kaba Pungshwi Zau Seng တို့ ကျဆုံးခဲ့ကြသည့်နေ့ကို ဂုဏ်ပြု၍ ကချင်အာဇာနည်နေ့အဖြစ် ကျင်းပခဲ့ကြပါသည်။ ၃။ (၁၀-၈-၂၀၂၁) ရက်နေ့တွင် ကျရောက်သည့် (၄၆) နှစ် မြောက် ကချင်အာဇာနည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျဆုံးလေပြီးသော ကချင်အမျိုးသား ခေါင်းဆောင်ကြီးများကို သတိရ အောက်မေ့ကြောင်းနှင့် ခေါင်းဆောင်ကြီးများနှင့်အတူ မွေးဖွားလာသည့် ကချင်လူမျိုးများ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်များ အောင်မြင်ပါစေကြောင်း လေးနက်စွာ ဆန္ဒပြုလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2021-08-10

Date of entry: 

2021-08-10

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

English

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

204.81 KB

Resource Type: 

text

Text quality: 

    • Good