The issue of providing humanitarian assistance - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ကူညီဆောင်ရွက်ပေးရန်ကိစ္စ

ဖော်ပြချက်/အကြောင်းအရာ: 

"၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ ------------------------------------------------- သို့ Ms. Hai Kyung Jun မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး အကြောင်းအရာ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ကူညီဆောင်ရွက်ပေးရန်ကိစ္စ လေးစားအပ်ပါသော ကိုယ်စားလှယ်ခင်ဗျာ - မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးကူညီနေမှုများအတွက် အထူး ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါသည်။ စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင့်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လည်းကောင်း၊ စစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်က အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာ များသို့ တိုက်ခိုက်နေမှုများကြောင့်လည်းကောင်း ပြည်သူထောင်ပေါင်းများစွာသည် နေရပ်စွန့်ခွာ၍ ဘေးကင်း လုံခြုံရာ နေရပ်များနှင့် ဝေးလံသော တောတောင်များထဲသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ကို သိရှိပြီးဖြစ်မည် ဖြစ်ပါသည်။ UNHCR ၏ အကူအညီပေးမှုများသည်လည်း စစ်ကောင်စီ၏ ဟန့်တားပိတ်ဆို့မှုများကြောင့် တောတောင် များထဲတွင် ထွက်ပြေးခိုလှုံနေရသည့် ပြည်သူများထံသို့ ရောက်ရှိနိုင်ခြင်း မရှိဘဲ အမိုးအကာ၊ အစားအသောက်၊ သောက်သုံးရေနှင့် ဆေးဝါး မလုံလောက်ခြင်းတို့ တွေ့ကြုံခံစားနေရပါသည်။ ထို့ပြင် ရာသီဥတုဆိုးဝါးခြင်းကြောင့် ရာသီတုပ်ကွေးနှင့် နိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှုသည် ဆိုးဆိုး ရွားရွား ဖြစ်ပွားနေမှုများကြောင့် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် ကာကွယ်ရေးပစ္စည်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့သည်လည်း အရေးပေါ် လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးအနေဖြင့် ဝေးလံသော တောတောင်များရှိ နေရပ်စွန့်ခွာရသူများအတွက် ဖြစ်နိုင်သမျှ ထိရောက်သော အကူအညီများ ပေးအပ်နိုင်ရေး ဆောင်ရွက်ပေးပါရန်နှင့် အခြားသော စစ်ဘေးရှောင်စခန်းများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ဆောင်ရွက် ပေးပါရန် မိမိတို့အနေဖြင့် လေးနက်စွာ တောင်းဆိုအပ်ပါသည်။ လူကြီးမင်း၏ အကူအညီပေးမှုအပေါ် များစွာ ကျေးဇူးတင်ရှိပါသည်။ လေးစားစွာဖြင့် အောင်ကြည်ညွန့် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-07-24

Date of entry: 

2021-07-24

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

77.62 KB

Resource Type: 

text

Text quality: 

    • Good