ဖော်ပြချက်/အကြောင်းအရာ:
"အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမိန့်ကြော်ငြာစာအမှတ် ( ၁/၂၀၂၁)
နေ့စွဲ။ ။ ၁၃ ဇူလိုင် ၂၀၂၁
အကျဉ်းထောင်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားသေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည့်ကိစ္စနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်ကောင်စီအား
ပြင်းထန်စွာသတိပေးခြင်း
ယခုလက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွား၊ သေဆုံးမှုများ ကြောက်ခမန်းလိလိ ဖြစ်ပွားလျက်ရှိသည်။ အကြမ်းဖက်စစ်ကောင်စီသည် လူသားချင်း စာနာထောက်ထားမှုမရှိဘဲ မိမိအာဏာတည်မြဲရေး ကိုသာရှေးရှု၍ ပြည်သူလူထုအားဖိနှိပ်ရာတွင် COVID-19 ရောဂါကို လက်နက်သဖွယ် အသုံးချလျက်ရှိသည်ကို တွေ့မြင်နေရသည်။ ထို့အပြင် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော လူတိုင်း လွတ်လပ်စွာ ဆေးကုသ ပိုင်ခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးလျက်ရှိနေသည်ကို သက်သေသာဓက အမြောက်အမြားနှင့်တကွ တွေ့ရှိနေရသည်။
ယခုအချိန်အခါတွင် ပြည်သူလူထုသည် “ပြေးစရာ မြေမရှိ” ဆိုသကဲ့သို့ စိတ်ဓာတ် လုံခြုံမှု မရှိဘဲ နေ့စဉ်နှင့်အမျှ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲကြီးစွာ ခံစားနေရသည်ကိုလည်း ကြားသိနေရပါသည်။
ပို၍ ဆိုးသည်မှာ အကျဉ်းထောင်များထဲတွင် COVID-19 ရောဂါ ဖြစ်ပွား၊ ကူးစက်၊ သေဆုံးမှုနှုန်းများ စိုးရမ်ဖွယ်ရာကောင်းလောက်အောင် မြင့်တက်နေသည်ကို ခိုင်လုံသော သတင်းရင်းမြစ်များမှတစ်ဆင့် သိရှိရပါသည်။
အထူးသဖြင့် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားများကို COVID-19 ရောဂါ ကူးစက်ပြီး ထိခိုက်သေဆုံးစေရန် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိသည့်အတွက် နိုင်ငံအကျဉ်းသားများအနေဖြင့် COVID-19 ရောဂါကူးစက်မှုကြောင့် ထိခိုက်သေဆုံးမှုများ မဖြစ်ပွားစေရန်နှင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူရရှိနိုင်စေရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် သတိပေးလိုက်သည်။
သို့တည်းမဟုတ်ပါက ဖြစ်ပေါ်လာသော အကျိုးဆက်များအားလုံးကို အကြမ်းဖက် စစ်ကောင်စီက တာဝန်ယူရမည်ဖြစ်ပြီး လူမဆန်သောအဆိုပါလုပ်ရပ်များအတွက် ပြည်သူ့ဆန္ဒအရ တရားဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်လိုက်သည်။
အမိန့်အရ
ဒေါက်တာဇော်ဝေစိုး
အတွင်းရေးမှူး
အမျိုးသားအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မရှင်
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2021-07-13
Date of entry:
2021-07-13
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
462.21 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
