All Burma Federation of Student Unions: Announcement No.7/2021 - ကြေညာချက်အမှတ် ၇ / ၂၀၂၁: ဆဲဗင်း ဂျူလိုင် ၅၉ နှစ်ပြည့် ဗကသများအဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ကြေညာချက်

ဖော်ပြချက်/အကြောင်းအရာ: 

"ကြေညာချက်အမှတ် - ၇ / ၂၀၂၁ နေ့စွဲ - ၇ / ၇ / ၂၀၂၁ ယနေ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့သည် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ဖွင့်ချ တိုက်ခိုက်ခဲ့သော ၅၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ဆဲဗင်း ဂျူလိုင် (၇၊ ၇၊ ၁၉၆၂) အရေးတော်ပုံကြီးသည် ဗမာပြည်စစ်အာဏာရှင်စနစ်ကို ပထမဦးဆုံး စတင်တိုက်ပွဲဆင်ခဲ့သည့် အရေးတော်ပုံ ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုမှ တိုင်းပြည်အာဏာကို အဓမ္မနည်းဖြင့် တကျော့ပြန် ပေါ်ပေါ်ထင်ထင် သိမ်းပိုက်ခဲ့သည်။ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး များသည် ယခင်ကထက် နိမ့်ကျခဲ့ရပြီး ဒီမိုကရေစီ အခွင့်အရေးများလည်း ဆိတ်သုဉ်းခဲ့ရသည်။ ဖက်ဆစ်စစ်တပ်နှင့် လက်ပါးစေများမှ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်၍ နေ့စဉ် ထိပါး စော်ကား သတ်ဖြတ်နေသည်။ စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ ကျွန်ုပ်တို့ ဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး၏ အဓိက တာဝန်တရပ်ဖြစ်သည်။ ပြည်သူလူထု၏ သွေးများဖြင့် စွန်းပေနေသော ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းပြီး လူထုအာဏာတည်ဆောက်ရမည်။ ထို့ကြောင့် စစ်သုံးစစ်ကို အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် အုံကြွဆန့်ကျင် တော်လှန်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးနှင့်အတူ စစ်သုံးစစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားမည် ဖြစ်သည်။ ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်ချေမှုန်းကြ ဗဟိုအမှုဆောင်အဖွဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်..."

ရင်းမြစ်: 

All Burma Federation of Student Unions

Date of Publication: 

2021-07-07

Date of entry: 

2021-07-12

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

185.85 KB

Resource Type: 

text

Text quality: 

    • Good