ဖော်ပြချက်/အကြောင်းအရာ:
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
အမျိုးသား ညီညွတ်ရေး အစိုးရ
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၁)
၁၃၈၃ ခုနှစ် ဝါဆိုလဆန်း ၂ ရက်
(၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်)
အကြောင်းအရာ။ ။ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ အခွန်အခများ လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခြင်း။
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်တော် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သည် ကိုဗစ် - ၁၉ ကပ်ရောဂါ ကြောင့်လည်းကောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ ဖိနှိပ် နှိပ်စက်မှုများကြောင့် လည်းကောင်း ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးလျော့ကျစေရေး နှင့် သယံဇာတမှရရှိသောရန်ပုံငွေကို ပြည်သူ အား နှိပ်စက်နေသော အကြမ်းဖက်အဖွဲ့များထံ မရောက်ရှိစေရေးအတွက် အောက်ပါ အမိန့်ကို ထုတ်ပြန်အပ်သည်။
၂။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏မူဝါဒများအနက် ဒုတိယဖြစ်သော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်း များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ မပြတ်တောက်စေရေး နှင့်အညီ ပြည်သူလူထု၏ ခရီးသွား လာရေး၊ ကုန်ဈေးနှုန်း မတိုးမြင့်စေရေးတို့အတွက် လောင်စာဆီ ဈေးနှုန်းများအား ထိန်းသိမ်းနိုင်စေရန် ရေနံနှင့် ရေနံထွက်ပစ္စည်း ဥပဒေ ပုဒ်မ ၈ ပါ အောက်ပါ အခွန်အခများအား နောက်ထပ် ညွှန်ကြားချက် တစုံတရာ မရရှိမီ အထိ ဥပဒေ ပုဒ်မ ၅၄၊ ပုဒ်မခွဲ (ခ) အရ လွတ်ငြိမ်းခွင့် ပြုကြောင်း ကြေညာလိုက်သည်-
(က) နှစ်စဉ်ကြေး
(ခ) သက်တမ်းတိုးကြေး
(ဂ) ရက်လွန်ဒဏ်ကြေး
(ဃ) ပိုင်ရှင်လွှဲပြောင်းကြေး
(င) အမည်ပြောင်းလဲကြေး
(စ) သိုလှောင်နိုင်သည့်ပမာဏပြင်ဆင်ပြောင်းလဲကြေး
(ဆ) ပျက်စီး/ ပျောက်ဆုံးမိတ္တူမှန်ကြေး
၃။ ရေနံနှင့်ရေနံထွက်ပစ္စည်းဥပဒေသည် ပြည်သူလူထုကရွေးချယ်တင်မြှောက်သောအစိုးရ နှင့် လွှတ်တော်က ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ကိုင်စွဲသုံးစွဲခွင့်မရှိဘဲ ပြည်ထောင်စုလွှတ်တော် က သဘောတူတင်မြှောက်ခဲ့သော အမျိုးသားညီညွတ်ရေး အစိုးရက သာ ကိုးကားဆုံးဖြတ်ခွင့်ရှိပါသည်။ ယခု အမိန့်ကြော်ငြာစာအား ကျော်လွန်လုပ်ဆောင်ခြင်း၊ ဥပဒေမဲ့ လုပ်ဆောင် ခြင်း များ အား အစိုးရ၏သက်ဆိုင်ရာဝန်ကြီးဌာနများက အရေးယူဆောင်ရွက်နိုင်ရန် သတင်းပို့ညှိနှိုင်းသွားမည် ဖြစ်သည်။
(စိုးသူရထွန်း)
ပြည်ထောင်စုဝန်ကြီး..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2021-07-10
Date of entry:
2021-07-10
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
78.89 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
