National Unity Government: Ministry of Planning, Finance and Investment Announcement No.5/2021 - စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက် (၅/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"ကြေညာချက် (၅/၂၀၂၁) ဇူလိုင်လ ၉ ရက် ၂၀၂၁ ခုနှစ် ================ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင် မြေနှင့်အဆောက်အဦနှင့် မြေကွက် (၂၃)ခုကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက်နေခြင်းသည် တရားဝင်မှု မရှိသော ကြောင့် ဝယ်ယူခြင်း မပြုကြရန်နှင့် ဝယ်ယူထားသည့် မြေနှင့်အဆောက်အဦ နှင့်မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခြင်း။ ---------------------------- ရည်ညွှန်းချက် ။ ။၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ဝေသည့် ကြေးမုံသတင်းစာပါ { နိုင်ငံပိုင် မြေနှင့် အဆောက်အဦနှင့် မြေကွက်များအား ရောင်းချရန် အိပ်ဖွင့်တင်ဒါခေါ်ယူခြင်း} ။ ------------------------------ ၁။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူထားသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အပြင် ကုလသမဂ္ဂအပါအဝင် မည်သည့်ကမ္ဘာ့နိုင်ငံကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုထားခြင်းမရှိသည့် အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်သည်။ ၂။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သည် ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရှမ်းပြည်နယ်တို့ရှိ နိုင်ငံပိုင် မြေနှင့်အဆောက်အဦ နှင့်မြေကွက် စုစုပေါင်း (၂၃)ခုအား အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။ ၃။ နိုင်ငံပိုင် မြေနှင့်အဆောက်အဦ နှင့်မြေကွက်များ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား ပြည်သူများသာဖြစ်သည့်အတွက် ပြည်သူလူထုအားကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းများ အနေဖြင့် အဆိုပါ မြေနှင့်အဆောက် အဦ နှင့်မြေကွက်များအား စီမံခန့်ခွဲပိုင်ခွင့်၊ ရောင်းချပိုင်ခွင့် မရှိပါ။ ၄။ သို့ပါ၍ နိုင်ငံပိုင် မြေနှင့်အဆောက်အဦ နှင့် မြေကွက်များအား ရောင်းချရန် အိပ်ဖွင့်တင်ဒါခေါ်ယူခြင်းသည် တရားဝင်မှု လုံး၀မရှိသော ဆောင်ရွက်ချက်သာဖြစ်၍ ဝယ်ယူခြင်း မပြုကြရန်နှင့် လက်ဝယ်ရယူထားသည့် မည်သူမဆိုထံမှ နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်လိုက်သည်။ တင်ထွန်းနိုင် ပြည်ထောင်စုဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန..."

ရင်းမြစ်: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2021-07-09

Date of entry: 

2021-07-10

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

257.57 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: