ဖော်ပြချက်/အကြောင်းအရာ:
"''မှတ်တမ်းတင်ကျေးဇူးတင်လွှာ''
======================
ချစ်ခင်လေးစားရပါသော NUG Support Team မှ နွေဦးတော်လှန်ရေး မိတ်ဆွေများနှင့် မြန်မာ့ဖက်ဒရယ်
ဒီမိုကရေစီအရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ပြည်ထောင်စုဖွား ညီအစ်ကို၊ မောင်နှမများခင်ဗျား...
မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်း ပျောက်ကွယ်စေရေးအတွက် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီကို အခွန်မဆောင်ရေးနှင့် NUG ပြည်သူ့အစိုးရ၏ လုပ်ငန်းဆောင် တာများ ပိုမိုထိရောက်အောင်မြင်စေရန် "ငါတို့ အစိုးရ ငါတို့ အခွန်ဆောင်ကြစို့" ကြွေးကြော်သံနှင့်အတူ စည်းရုံးလှုံ့ဆော်ရေးတွင် တဘက်တလမ်းမှ အင်းတိုက်အားတိုက် ပါဝင်ဆောင်ရွက် အားဖြည့်ပေးနေကြသော NUG Support Team မှ တစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိပါသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေဖြင့်လည်း NUG Support Team ၏ စည်းရုံးရေးလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် လိုအပ်ချက်များနှင့် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။
NUG Support Team အနေဖြင့်လည်း "ငါတို့ အစိုးရ ငါတို့ အခွန်ဆောင်ကြစို့" လုပ်ငန်းစဉ်၏ အရေးပါမှုနှင့် အကျိုးကျေးဇူး ရလဒ်များကို အခွန်ထမ်းပြည်သူများထံသို့ တိကျရှင်းလင်းစွာ သတင်းစကားပါးရင်း ထိရောက်စွာ စည်းရုံးလှုံ့ ဆော်နိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်ပါသည်။..."
ရင်းမြစ်:
Ministry of Planning, Finance and Investment - NUG
Date of Publication:
2021-07-01
Date of entry:
2021-07-10
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
66.22 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
