National Unity Government: Announcement No.7/2021 - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၇/၂၀၂၁)

ဖော်ပြချက်/အကြောင်းအရာ: 

"“ကင်းမရွာ ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်” မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမရွာနေ အပြစ်မဲ့ပြည်သူများအား ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် အကြမ်းဖက် ရဲတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး၊ ရွာလုံးကျွတ် မီးရှို့ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဒီးဒုတ်ကွင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်အနီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း သံသယရှိခံရသူ၏ မော်တော်ဆိုင်ကယ်နံပါတ်သည် ကင်းမရွာသို့ ခြေရာခံမိသည်မှအစပြု၍ ကင်းမရွာရှိ ပြည်သူများသည် ဖြစ်ပေါ်လာနိုင်သည့် စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုမှ ရှောင်တိမ်းနိုင်ရန် အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ဒေသခံမျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ အကြမ်းဖက် ရဲတပ်ဖွဲ့များ နှင့် အရပ်ဝတ်စစ်သားများသည် ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာနေပြည်သူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ကင်းမရွာနေ ပြည်သူများ၏ ပြောပြချက်အရ ကင်းမရွာ၏ ၈၀ ရာခိုင်နှုန်းသော လူနေအိမ်များ ပျက်ဆီးခဲ့ရသည်။ သက်ကြီးရွယ်အို နှစ်ဦးမှာလည်း ပျောက်ဆုံးလျက်ရှိသည်။ နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုများ မလုပ်ဆောင်ရန် ထပ်ခါတလဲလဲ တိုက်တွန်းနေသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏တပ်များသည် ယင်းတိုက်တွန်းချက်များအား လိုက်နာဆောင်ရွက်ရန် လုံးဝဆန္ဒမရှိကြောင်းကို ကင်းမရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံတပ်ဖွဲ့များက ကျူးလွန်သည့် ရာဇဝတ်မှုများက ပြဆိုနေသည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်သူမှာ အကြမ်းဖက်စစ်တပ်ပင် ဖြစ်ကြောင်း ကင်းမရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများက ခိုင်မာသော သက်သေပင်ဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီနှင့်လက်ပါးစေတပ်ဖွဲ့များသည် တရားဥပဒေစိုးမိုးမှုကို ထပ်ခါတလဲလဲ မျက်ကွယ်ပြုကာ၊ လူ့အခွင့်အရေးများကို ချိုးဖောက်လျက် လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှု များကို ကျူးလွန်လျက်ရှိသည်။ ယနေ့အချိန်အထိ ရရှိသော စာရင်းများအရ အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၈၆၄ ဦး အသက်ဆုံးရှုံးခဲ့ရပြိး ၄၈၉၃ ဦးမှာ တရားဥပဒေမဲ့ ဖမ်းဆီးခြင်း၊ အရေးယူခြင်း ခံနေကြရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်တွင် အကြမ်းဖက်မှုများ ဆက်တိုက် ကျူးလွန်ခြင်းဖြင့် ၎င်း၏ အာဏာစက်သက်ရောက်စေရန် ဆောင်ရွက်လျက်ရှိသော်လည်း ယင်းဆောင်ရွက်မှုမှာ ကျရှုံးခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက်စစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများကို ဒေသခံအဆင့်၊ နိုင်ငံတော်အဆင့် နှင့် နိုင်ငံတကာအဆင့် များရှိ သက်ဆိုင်သူများအားလုံးအနေဖြင့် ဆက်လက်မှတ်တမ်းတင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းပါသည်။ အကြမ်းဖက်စစ်တပ်အား အပြစ်ပေးအရေးယူနိုင်ရန်အတွက် ၎င်းကျူးလွန်သည့် ရာဇဝတ်မှုများ နှင့် စပ်လျဉ်းသည့် သက်သေများကို စုဆောင်းထားရှိခြင်းသည် အခြေခံကျကျ အရေးပါလျက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်လျက်ရှိသည့် တော်လှန်ရေး ရဲဘော်များအားလုံးနှင့် အတူတကွလက်တွဲကာ ၂၀၂၁ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ ရည်မှန်းချက်များ အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်စစ်ကောင်စီကို အောင်နိုင်၍ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်တွင် တည်ငြိမ်ပြီး လူ့ဂုဏ်သိက္ခာကို အပြည့်အဝ အကာအကွယ်ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2021-06-17

Date of entry: 

2021-06-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

708.04 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: