National Unity Government: Ministry of Labour Announcement No. 1/2021 - အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၁/၂၀၂၁

ဖော်ပြချက်/အကြောင်းအရာ: 

"ကြေငြာချက်အမှတ် ၁/၂၀၂၁ ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၄)ရက် ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၈)ရက် ၁။​၁-၂-၂၀၂၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာအား မတရားသိမ်းပိုက်ခဲ့သည့် လုပ်ရပ်အပေါ် အကြမ်းမဖက်အနုနည်းဖြင့်တုံ့ပြန်သည့်အနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန် ထမ်းဆောင်လျက်ရှိကြသော နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ၈-၂-၂၀၂၁ မှစတင်၍ မတရားသော အမိန့်များအားနာခံခြင်းမပြုသည့် Civil Disobedience Movement - CDM တွင် ပါဝင်ခဲ့ကြပါသည်။ ၂။​CDM ပြုလုပ်၍ ရုံးတက်ပျက်ကွက်သည့် ဝန်ထမ်းများအား ၁၅-၂-၂၀၂၁ ရက်နေ့မှစ၍ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၇၁ အရ တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အမိန့်ကြော်ငြာစာအသီးသီး ကို လက်ရှိ စစ်ကောင်စီ၏ အမိန့်နာခံသည့် ဌာနတာဝန်ရှိသူများမှ မတရား ထုတ်ပြန်ခဲ့ပါသည်။ ၃။​တာဝန်မှယာယီရပ်ဆိုင်းထားသော အဆိုပါ CDM ဝန်ထမ်းများ(အရာထမ်း၊ အမှုထမ်းများ) အား ရာထူးမှ ထုတ်ပယ်ခြင်း/ ထုတ်ပယ်ခြင်း ပြစ်ဒဏ်များ ချမှတ်သည့် အမိန့်ကြော်ငြာစာများကို ၂၀၂၁ခုနှစ်၊ မေလအတွင်း ထုတ်ပြန်ခဲ့ပြီး ယခင်အစိုးက ထုတ်ချေးထားသော (၂) လစာချေးငွေနှင့် အချို့သောဝန်ထမ်းများအား အလုပ်ခန့်ထားစဉ်က ဝန်ထမ်းခန့်ထားရေးမူအရ ချုပ်ဆိုထားသော ကတိဝန်ခံချက်စာချုပ်သက်တမ်း မပြည့်သေးသည့်အကြောင်းပြချက်ဖြင့် စာချုပ်အရ လျော်ကြေး ငွေများကို (၂)ပတ်အတွင်း သို့မဟုတ် ၃၁-၅-၂၀၂၁ ရက်နေ့ နောက်ဆုံးထားပေးသွင်းရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဝန်ထမ်းအချို့အား စာဖြင့် ခြိမ်းခြောက်နေပါသည်။ ၄။​မိမိတို့ဒီမိုကရေစီအစိုးရက နိုင်ငံဝန်ထမ်းများအနေဖြင့် Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင် သည့် လူမှုရေး၊ စီးပွားရေး အကျိုးသက်ရောက်မှုများကို ကုစားရာတွင် အထောက်အကူ ဖြစ်စေ ရန်အတွက် (၂) လစာချေးငွေကို ဆိုင်းငံ့ကာလ (၆) လ၊ ပြန်ဆပ်ကာလ (၁) နှစ်သတ်မှတ်၍ ပြည်သူ့ ဝန်ထမ်းများ၏ စားဝတ်နေရေး၊ တစ်စုံတစ်ရာ အခက်အခဲများပြေလည်စေရန် ၂၀၂၀ ပြည်နှစ်၊ အောက်တိုဘာလတွင် ထုတ်ချေးပေးခဲ့ပါသည်။ ပြန်ဆပ်ကာလ (၁) နှစ် (ဝါ) ၁၂ လအတွင်း လစဉ် ကျသင့်ငွေပမာဏကိုသာ အရစ်ကျပေးသွင်းရန်ဖြစ်ပါသည်။ ၅။​ထို့ပြင် စာချုပ်သက်တမ်းမပြည့်မီသေးသည့် CDM ဝန်ထမ်းများအား လျော်ကြေးငွေပေးသွင်း စေခြင်းမှာလည်း စာချုပ်နှင့်ကိုက်ညီမှုမရှိပါ။ စာချုပ်အရ ဝန်ထမ်းဖြစ်သူသည် သတ်မှတ်လုပ်သက် မပြည့်မီ မိမိဆန္ဒအလျောက် အလုပ်မှနုတ်ထွက်ပါက စာချုပ်ပါ လျော်ကြေးငွေကို ပေးလျော်ရမည် ဖြစ်ပါသည်။ CDM ဝန်ထမ်းများသည် အလုပ်မှနှုတ်ထွက်ခြင်းမဟုတ်ဘဲ တရားမဝင်စစ်ကောင်စီ အစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအား ဆန့်ကျင်ပြီး လုပ်ငန်းခွင်အား ယာယီရပ်နားထားခြင်းသာ ဖြစ်သဖြင့် အဆိုပါလျော်ကြေးငွေအားလည်း ပေးလျော်ရန် မလိုအပ်ပါ။ ၆။ ထို့ပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သော ချေးငွေများအဖြစ် ၂ ကြိမ်တိုင်တိုင်ကြေငြာပြီး ဖြစ်သည်။ ၇။​သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင်ချက်များအား ရှုတ်ချပါကြောင်းနှင့် CDM ဝန်ထမ်းများအနေဖြင့် (၂) လစာ ချေးယူငွေများ နှင့် လုပ်သက်စာချုပ်လျော်ကြေးများအား ပေးလျော်ရန် မလိုအပ်ကြောင်း ထုတ်ပြန်ကြေငြာ လိုက်ပါသည်။ ပုံ နိုင်သုဝဏ္ဏ ပြည်ထောင်စုဝန်ကြီး အလုပ်သမားဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်..."

ရင်းမြစ်: 

Ministry of Labour

Date of Publication: 

2021-06-08

Date of entry: 

2021-06-08

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

338.8 KB

Resource Type: 

text

Text quality: 

    • Good