National Unity Government: Ministry of Home Affairs and Immigration: Appeal to the public - အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ပြည်သူသို့ ပန်ကြားချက်

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ပြည်သူသို့ ပန်ကြားချက် ရက်စွဲ ၊ ၇ ရက် ဇွန်လ ၂၀၂၁ ခုနှစ် ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်အန္တရာယ်စက်ဝန်းမှ ပြည်သူလူထု လုံခြုံရေးကို အကာအကွယ်ပေးနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်၊ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် မူဝါဒ (၈) ရပ် နှင့်အညီ ကြိုးပမ်းထမ်းဆောင်သွားပါမည်။ ၂။ အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့ ပြည်သူလူထုအား အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီးမှုများ၊ ဖမ်းဝရမ်းထုတ်မှုများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထု၏ လုံခြုံမှုကို နေ့စဉ်ခြိမ်းခြောက် လျက်ရှိသည်။ ပြည်သူလူထု၏ လုံခြုံမှုကို အကာအကွယ် ပေးရမည့် တာဝန်ရှိသော ပြည်သူ့ရဲနှင့် တပ်မတော်သားများသည် အကြမ်းဖက်စစ်အုပ်စု လူတစ်စု၏ မတရားစေခိုင်းသည့် အမိန့်ကြောင့် ပြည်သူလူထုအား ကာကွယ်ရန် ပျက်ကွက်လျက်ရှိသည်။ ၃။ ထိုကဲ့သို့ စစ်ကောင်စီ၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာမျက်နှာစာအရောက် ထုတ်ဖော်၍ လိုအပ်သည့် တရားစီရင်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်သွားမည်။ မှန်ကန်သည့် အချက်အလက်များ စုဆောင်းနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင် နှင့် မိမိ မိသားစုဝင် သော်လည်းကောင်း၊ မိမိအနီးပတ်ဝန်းကျင်မှာသော်လည်းကောင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရား အနိုင်ကျင့်ဖမ်းဆီးသတ်ဖြတ်ခံရလျှင် (သို့မဟုတ်) အိုးအိမ်ပစ္စည်း ပျက်စီးဆုံးရှုံးမှုများရှိလျှင် အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် အမှုဖွင့် တိုင်ကြားနိုင်စေရန် စီမံထားရှိပါသည်။ ပြည်သူလူထု၏ အမှုဖွင့်တိုင်ကြားချက်များသည် “အကူးအပြောင်းကာလ တရားမျှတရေး” ဖော်ဆောင်ရာတွင်လည်း အထောက်အပံ့ပြုရန်အတွက် ဖြစ်ပါသည်။ ၄။ နွေဦးတော်လှန်ရေးတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ အမိန့်အာဏာဟူသမျှကို ဖီဆန်လျက် CDM လှုပ်ရှား သပိတ်မှောက်နေကြသည့် အုပ်ချုပ်ရေးဆိုင်ရာ ဌာနများမှ ဝန်ထမ်းများအား ပံ့ပိုးနိုင်ရန်နှင့် ၎င်းတို့၏ လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံတော်အကျိုးအတွက် ကြားကာလပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တွင် အားဖြည့်ထမ်းဆောင်နိုင်စေရန် ထိရောက်သောနည်းလမ်းများ ချမှတ်‌ဖော်ဆောင်သွားပါမည်။ ၅။ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ စံနှုန်းများနှင့် ကိုက်ညီပြီး၊ သဟဇာတဖြစ်ကာ ခွဲခြားဆက်ဆံမှုများကင်းသည့် လူမှုပေါင်းစည်းရေးကို ဖော်ဆောင်နိုင်ရန် နိုင်ငံတစ်ဝန်းလုံးရှိ ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တက်ကြွစွာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၆။ “ပြည်သူသာ အဓိက” ဆိုသည်နှင့်အညီ၊ ပြည်သူ့အင်အား မပါဘဲ နိုင်ငံတစ်ခုမှာ မည်သည့်စနစ်မျှ တည်ဆောက်၍ မရနိုင်ပေ။ သန့်ရှင်းကောင်းမွန်၍ ပွင့်လင်းမြင်သာသော ဒီမိုကရက်တစ်အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းရေး နှင့် ဖက်ဆစ်စစ်အုပ်ချုပ်ရေးစနစ်ကို အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်အားဖြည့် ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ ၇။ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ကျဆုံးသွားခဲ့ရသည့် ဒီမိုကရေစီအသက်သွေးချွေး များကို ဦးညွှတ်လျက် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို နေ့စဉ်မပျက် အားသွန်ခွန်စိုက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည့်အကြောင်း ကတိသစ္စာ ထပ်လောင်း ပြုလိုက်ရပါသည်။ အရေးတော်ပုံ အောင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ အရေးတော်ပုံ အောင်ရမည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2021-06-07

Date of entry: 

2021-06-07

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

507.92 KB

Resource Type: 

text

Text quality: 

    • Good