National Unity Government: Ministry of Defense: Announcement No. 1/2021 - အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက် အမှတ် ၁/၂၀၂၁

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက် ကြေညာချက် အမှတ် ၁/၂၀၂၁ ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကာကွယ်ရေးမူဝါဒနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသော တပ်မတော်ဖြစ်သည်။ ၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အား ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှု များ၊ စစ်ရေးအရရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရာတွင် ရှေ့ပြေးအမြုတေအဖြစ် ပါဝင်ရေး ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပြီး၊ အဓိကတာဝန်မှာ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အား ဖွဲ့စည်းရာတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်သူ လူထုအပေါ် သစ္စာစောင့်သိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ ရဲရင့်မှုရှိခြင်း၊ ရိုးသားမှုရှိခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း၊ Law of Armed Conflicts အပါအဝင် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေများကို လိုက်နာခြင်း ဟူသည့် စစ်ဘက်ဆိုင်ရာတန်ဖိုး (Military Values) များကို ထားရှိသည်။ ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင်များအားလုံးသည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ အရပ်သားပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကျင့်ဝတ်များကို မည်သည့်အခြေအနေမျိုးတွင် မဆို လေးစားလိုက်နာရမည်ဖြစ်ပြီး၊ ကျင့်ဝတ်စောင့်ထိန်းသော ဂုဏ်သိက္ခာရှိသည့် တပ်မတော်တစ်ရပ် အဖြစ် ရပ်တည်မည် ဖြစ်သည်။ ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဟူသည့် စစ်တိုင်း ငါးခုဖြင့် ဖွဲ့စည်းထားရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များကို အခြေခံ၍ ဖွဲ့စည်းထားခြင်း မရှိဘဲ၊ သက်ဆိုင်ရာ စစ်တိုင်းများအောက်တွင် တပ်ရင်း တပ်ဖွဲ့များ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားရှိသည်။ ၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် အမှုထမ်းလိုသူတိုင်းသည် သတ်မှတ်ထားသော စစ်ပညာ သင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ စစ်တိုင်းအောက်ရှိ တပ်ရင်းတစ်ခုတွင် ပေးအပ် သော တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။ ၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုသော နယ်မြေ ဒေသအလိုက် ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအား စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ နှင့်အညီ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ပုံ ရည်မွန် ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

Creator/author: 

U Yee Mon

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2021-05-17

Date of entry: 

2021-05-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

573.1 KB

Resource Type: 

text

Text quality: 

    • Good