Message from CRPH on the 76th Fascist Revolution Day - (၇၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"(၇၆)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာ --------------------------- ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက် ================ ၁။ ယနေ့ မတ်လ (၂၇) ရက်နေ့သည် အမျိုးသားညီညွတ်မှု စုပေါင်းအင်အားဖြင့် မြန်မာ့မြေပေါ်မှ ဖက်ဆစ် သောင်းကျန်းသူများအား တွန်းလှန်တိုက်ထုတ်ခဲ့သော (၇၆) နှစ်မြောက် အခါသမယဖြစ်၏။ ၂။ ဖက်ဆစ်တော်လှန်ရေးအတွင်း အသက်နှင့်ခန္ဓာပေးလှူခဲ့သော တပ်မတော်သားများ၊ ပျောက်ကြားများ၊ တိုင်းရင်းသားတပ်ဖွဲ့ဝင်များ၊ မဟာမိတ်နိုင်ငံများမှ ရဲဘော်များအားလုံးကို ယနေ့ အထူးအောက်မေ့သတိရလျက် ဦးညွတ် အလေးပြုပါသည်။ ၃။ ယခုအချိန်တွင်လည်း မြန်မာ့မြေပေါ်တွင် တစ်ကြော့ပြန်သောင်းကျန်လျက်ရှိသည့် ဖက်ဆစ်စစ်အာဏာရှင် များအား ကျောင်းသားများ၊ လူငယ်များ၊ တိုင်းရင်းသားပြည်သူများက နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက် နည်းလမ်း ပေါင်းစုံဖြင့် ခုခံဆန့်ကျင်လျက်ရှိကြသည်။ ၄။ ဤ တော်လှန်ရေးအောင်နိုင်လျှင် မြန်မာ့မြေပေါ်မှ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ရှင်းလင်း ဖယ်ရှား နိုင်မည်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်လျက် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာ၀ပြောမှုကို ဖန်တီးနိုင်မည် ဖြစ်သည်။ ၅။ သို့ပါ၍ လွန်ခဲ့သော(၇၆)နှစ် ဖက်ဆစ်တော်လှန်ရေးကာလ အမျိုးသားညီညွတ်မှုကောင်းမွေကို ဆက်ခံလျက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စုစည်းညီညွတ်မှုဖြင့် ဖက်ဆစ်စစ်အာဏာရှင်အား တခဲနက် ဆန့်ကျင်တိုက် ဖျက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-03-27

Date of entry: 

2021-05-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

277.27 KB

Resource Type: 

text

Text quality: 

    • Good