ဖော်ပြချက်/အကြောင်းအရာ:
"ကြေညာချက် အမှတ် ( ၁၆/၂၀၂၁ )
၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်
မတ်လ (၂၇)ရက်၊ ၂၀၂၁ခုနှစ်။
================
၁။ ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်း၏ လက်ပါးစေ လက်နက်ကိုင်သောင်းကျန်းသူများသည် ဖက်ဆစ်များကဲ့သို့ပင် ပြုမူပြီး နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။
၂။ အကြမ်းဖက်စစ်ကောင်စီ နှင့် ၎င်း၏ လက်ပါးစေ လက်နက်ကိုင်သောင်းကျန်းသူများ၏ ပစ်ခတ်သတ်ဖြတ်မှု အတွင်း လူပေါင်းများစွာ အသက်သေဆုံးခဲ့ပြီး၊ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ အကြမ်းဖက် စစ်ကောင်စီသည် ကလေးငယ်များကိုပင် ထောက်ထားညှာတာခြင်းမရှိဘဲ နေအိမ်များအတွင်း နေထိုင်လျက်ရှိ သည့် ကလေးငယ်များကို သေနတ်ဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းသည် ဖက်ဆစ်စနစ် မြန်မာ့မြေ ပေါ်တွင် ဆက်လက်တည်ရှိနေသေးကြောင်း ထင်ရှားသည့် သက်သေတစ်ခုပင် ဖြစ်သည်။
၃။ စစ်ပွဲများအတွင်း၌ပင် ရှောင်ရှားရမည့် အပြုအမူများကို လက်နက်မဲ့ ပြည်သူများအပေါ် ဆက်တိုက်ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် သူရဲဘောကြောင်ရုံမျှမက လူသားစိတ်ကင်းမဲ့လျက် ရှိသည်ကိုတွေ့ရသည်။
၄။ အကြမ်းဖက်စစ်တပ်သည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားလူမျိုးစုဒေသများတွင် ဆိုးရွားရက်စက် သော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး၊ ယနေ့ထက်တိုင်လည်း ယင်းရာဇဝတ်မှုများကို ကျေးလက်၊ မြို့ ပြနေရာ မကျန် ကျူးလွန်နေသော်လည်း ၎င်းတို့၏ လူသားမဆန်ဆုံးသော ရာဇဝတ်မှုများအတွက် အပြစ်ပေးခံရခြင်းမှ လွတ်မြောက်လျက် ရှိသည်မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ပြောင်ပြောင်တင်းတင်းစိန်ခေါ်နေသည့် ဖြစ်ရပ် ပင်ဖြစ်သည်။
၅။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ နှင့် အကြမ်းဖက် ရာဇဝတ်မှုများကို ကျူးလွန်ရာတွင် တာဝန်ရှိသူအားလုံးကို အပြစ်ပေးအရေးယူနိုင်ရေး နှင့် အကြမ်းဖက်မှုမျိုးစုံကို ခံစားကြရသည့် ပြည်သူများအားလုံးအတွက် တရားမျှတမှုရရှိရေး အဆုံးတိုင် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw (CRPH)
Date of Publication:
2021-03-27
Date of entry:
2021-05-14
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
330.18 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
