CRPH Announcement No.17/2021 - ကြေညာချက် အမှတ် ( ၁၇/၂၀၂၁ )

ဖော်ပြချက်/အကြောင်းအရာ: 

"ကြေညာချက် အမှတ် ( ၁၇/၂၀၂၁ ) ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် မတ်လ (၃၀)ရက်၊ ၂၀၂၁ခုနှစ်။ ================ ၁။ တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်တိုက်ခိုက်လျက်ရှိသည့် အာဏာ သိမ်းစစ်ကောင်စီ နှင့် ၎င်းတို့၏ လက်ပါးစေ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ ရက်စက်မှုများ ကြောင့် နိုင်ငံတစ်ဝှမ်း၌ ပြည်သူအများ နေ့စဉ်နှင့်အမျှ အတိဒုက္ခရောက်နေကြရသည်။ ၂။ အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချပြီး ပြည်သူများနှင့်အတူ တိုက်ပွဲဝင် လျက်ရှိ သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ခိုင်မာသော ရပ်တည်ချက်များ၊ ကူညီပံ့ပိုး မှုများကို မြင်တွေ့ ကြားသိ နေရပါသည်။ ၃။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သော ကိုးကန့် (MNTJP/MNDAA)၊ တအောင်း (PSLF/TNLA) နှင့် ရခိုင် (ULA/AA) တို့က ၂၀၂၁ ခုနှစ် မတ်လ (၃၀) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည့် မြန်မာ့တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပျက်နေသော ပြည်တွင်း ပဋိပက္ခများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြိုဆိုပါကြောင်းနှင့် မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့အတွက် အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားရန် ဖိတ်ခေါ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-03-30

Date of entry: 

2021-05-14

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

269.41 KB

Resource Type: 

text

Text quality: 

    • Good

Remote URL:

html (Burmese version)