CRPH Announcement No.18/2021 - ကြေညာချက် အမှတ် ( ၁၈/၂၀၂၁ )

ဖော်ပြချက်/အကြောင်းအရာ: 

"ကြေညာချက် အမှတ် ( ၁၈/၂၀၂၁ ) ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် မတ်လ (၃၀)ရက်၊ ၂၀၂၁ခုနှစ်။ ============== ၁။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်သိမ်းယူခဲ့သော စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်နှင့်အမျှ ဖျက်ဆီးနှောင့်ယှက်လျက်ရှိသည်။ အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များကြောင့် ပြည်သူများသည် ကျေးလက်မြို့ ပြမကျန် ကြီးစွာသော ဆင်းရဲဒုက္ခရောက် နေကြရသည်။ ၂။ အကြမ်းဖက်စစ်ကောင်စီသည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ နယ်မြေများတွင်လည်း စစ်ဆင်ရေးများပြုလုပ်နေပြီး၊ အပြစ်မဲ့ပြည်သူများနေထိုင်သည့် ကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် တိုင်းရင်းသားနယ်မြေများမှ အကာအကွယ်မဲ့ ပြည်သူများသည် အိုးအိမ်စွန့်ခွာ၍ တစ်ဖက် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ၃။ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေ အကြမ်းဖက်သောင်းကျန်းသူများသည် တိုင်းရင်းသား ဒေသများတွင် စစ်ရာဇဝတ်မှုများကို ဆယ်စုနှစ်များစွာကျူးလွန်ခဲ့ပြီး၊ ယခုတွင်လည်း သာလွန်အင်အား၊ လေ ကြောင်းအင်အားများဖြင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများအား တိုက်ခိုက်နေသည့် လုပ်ရပ်များသည် လူသား ဆန်မှုကင်းမဲ့လျက်ရှိသည်။ ယင်းလုပ်ရပ်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အပြင်းထန် ဆုံး ရှုတ်ချသည်။ ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားဒေသများရှိ ပြည်သူများ နှင့်တကွ နိုင်ငံတော်တစ်ဝှမ်းလုံးရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား အကာအကွယ်ပေးနိုင်ရေး နှင့် လူသား ချင်းစာနာမှုဆိုင်ရာ အထောက်အကူများ ရရှိနိုင်ရေး နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-03-30

Date of entry: 

2021-05-14

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

324.15 KB

Resource Type: 

text

Text quality: 

    • Good

Remote URL:

html (Burmese version)