CRPH Announcement No.19/2021 - ကြေညာချက် အမှတ် ( ၁၉/၂၀၂၁ )

Sub-title: 

Federal Democracy Charter - ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်

ဖော်ပြချက်/အကြောင်းအရာ: 

"ကြေညာချက် အမှတ် ( ၁၉/၂၀၂၁ ) ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် မတ်လ (၃၁)ရက်၊ ၂၀၂၁ခုနှစ်။ ================ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း ၁။ ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန်၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန်၊ ပြည်ထောင်စု၏ လူမျိုးများအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ဖြင့် ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်လျက် ဤ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ၂။ ခေတ္တ ဒုတိယသမ္မတမန်းဝင်းခိုင်သန်း ဦးဆောင်လျက် ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော ပြည်သူ့အစိုးရအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ မဖွဲ့စည်းမီ ကာလတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးတာဝန် များကို ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ပါသည်။ ၃။ ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သော အာဏာကို ကိုင်စွဲလျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီအင်အားစု အားလုံးနှင့် လက်တွဲကာ ဤ ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်အား စုပေါင်းခေါင်းဆောင်မှု စုပေါင်းအင်အားဖြင့် လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-03-31

Date of entry: 

2021-05-14

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

6.49 MB (22 pages)

Resource Type: 

text

Text quality: 

    • Good