ဖော်ပြချက်/အကြောင်းအရာ:
"ရည်ညွှန်းချက်။ ။ ဂျာမနီနိုင်ငံအခြေစိုက် Giesecke+Devrient ကုမ္ပဏီ၏ ၃၁/၃/၂၀၂၁ ရက်စွဲပါ ကြေညာချက်
၁။ မြန်မာကျပ်ငွေ (ငွေစက္ကူ) ရိုက်နှိပ်ထုတ်ဝေရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းများ တင်ပို့ရောင်းချ ခြင်းအား ရပ်ဆိုင်းထားလိုက်ကြောင်း လူကြီးမင်းတို့ ကုမ္ပဏီမှ တရားဝင်ထုတ်ပြန်ကြေညာလိုက်သည့် အတွက် အသိ အမှတ်ပြု ထောက်ခံကြိုဆိုပါသည်။
၂။ မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားလျက်ရှိသည့် အာဏာသိမ်းစစ်အုပ်စု၏ အဆင်အခြင်မဲ့လုပ်ရပ်များ၊ ငြိမ်းချမ်း စွာဆန္ဒပြနေသည့် ပြည်သူလူထုအား အကြမ်းဖက်သတ်ဖြတ်နေမှုများအပေါ် လူကြီးမင်းတို့ ကုမ္ပဏီမှ ခိုင်မာ ပြတ်သားစွာ ဆန့်ကျင်ရပ်တည်လျက် အရေးယူဆောင်ရွက်ခဲ့သည့်အတွက် အထူးချီးကျူးလိုပါသည်။
၃။ မြန်မာပြည်သူလူထု အနေဖြင့်လည်း လူကြီးမင်းတို့၏ ရဲဝံ့မှန်ကန်သည့် ဆုံးဖြတ်ချက်အပေါ် အလေးအနက် ကျေးဇူး တင် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။
၄။ ထိုကဲ့သို့ တုန့်ပြန်အရေးယူ ဆောင်ရွက်မှုသည် တရားမဝင် အာဏာသိမ်းစစ်အုပ်စု ကျဆုံးရေးအတွက် ထိရောက် သည့် ခြေလှမ်းဖြစ်သည့်အပြင် ကြီးမားသည့် ထိုးနှက်ချက်တစ်ရပ်လည်း ဖြစ်ပါသည်။
၅။ လူကြီးမင်းတို့၏ အရေးယူဆောင်ရွက်မှုမှ အစပြု၍ အခြားသော ကုမ္ပဏီများမှလည်း ခိုင်မာပြတ်သားသည့် ရပ်တည် ချက်များဖြင့် မြန်မာပြည်သူလူထု လိုလားတောင့်တနေသည့် ဒီမိုကရေစီ ပြန်လည်ရှင်သန်ဖွံ့ ဖြိုးလာစေရေး၊ အခြေခံ လူ့အခွင့်အရေးများ ပြန်လည်ရရှိရေးတိုက်ပွဲအား အထောက်အပံ့ကောင်းများ ဆောင်ကျဉ်းလာမည်ဟု အပြည့်အဝ ယုံကြည်ပါသည်။
၆။ တရားဝင်အရပ်သား အစိုးရအနေဖြင့် လူကြီးမင်းတို့၏ကုမ္ပဏီနှင့် ဂုဏ်သိက္ခာရှိသော စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုအား မကြာခင် ပြန်လည်စတင်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw (CRPH)
Date of Publication:
2021-04-01
Date of entry:
2021-05-13
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
293.21 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (English + Burmese versions)
