CRPH Announcement No.21/2021 - ကြေညာချက် အမှတ် ( ၂၁/၂၀၂၁ )

ဖော်ပြချက်/အကြောင်းအရာ: 

"ကြေညာချက် အမှတ် ( ၂၁/၂၀၂၁ ) ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ဧပြီလ (၂)ရက်၊ ၂၀၂၁ခုနှစ်။ =============== ၁။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) ၏ မတ်လ (၃၀)ရက် ၂၀၂၁ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အပြည့် အဝ နားလည်စာနာပါကြောင်း သဘောထား ဖော်ပြအပ်ပါသည်။ ၂။ မတ်လ (၂၇) ရက်မှ စတင်၍ စစ်သား နှင့် အရပ်သား မခွဲခြားဘဲ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေမှုများ ကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်သေကြေခဲ့ရုံမက စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်သည် တော တောင်များအတွင်း လှည့်လည် တိမ်းရှောင်နေရကြောင်း ကြားသိရသည့်အတွက် အထူးဝမ်းနည်းမိပါသည်။ ၃။ ညအချိန်တွင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများ အပါအဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်၊ အန္တရာယ်ပြုရန်၊ အကြမ်းဖက်ရန် အားထုတ်သော တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ် အား ပြင်းထန်စွာ ရှုံ့ချသည်။ ၄။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA ) ဖြင့် တဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ် ရပ်စဲထားသည် ဆိုသော်လည်း တခြားတဖက်တွင် စစ်ကောင်စီသည် နိုင်ငံရေးနှင့် စစ်ရေးတွင် အသာစီးယူ လွှမ်းမိုးထားလိုသော ၎င်းတို့၏မူလ ရည်ရွယ်ချက်အ တိုင်း နိုင်ငံရေးအရ အာဏာသိမ်းမှုနှင့် စစ်ရေးပြင်ဆင်မှုများကို တပြိုင်တည်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရ သည်။ ၅။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA) သည် အဓမ္မ စစ်အာဏာသိမ်းမှု ကြောင့် ပါဝင်ပတ်သက်ရမည့် အစုအဖွဲ့များမရှိတော့သည့်အတွက် အသက်မဝင်တော့သည့် စာချုပ်တစ်ခုဖြစ် လျက်ရှိပြီး NCA ကို ကျူးလွန်ဖောက်ဖျက်ခဲ့သူသည် စစ်အုပ်စုကိုယ်တိုင် ဖြစ်သည်မှာလည်း ထင်ရှားသည်။ ၆။ ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထုနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည် အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး ကျွန်ုပ်တို့၌ အခြား ရွေးချယ်စရာလမ်း မရှိတော့ပါ} ဟူသော ဖော်ပြချက်အပေါ်တွင်လည်း ကောင်းစွာနားလည်သဘောပေါက်ပါ သည်။ ၇။ မြန်မာပြည်သူများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ မိသားစုများအနေဖြင့် စစ်ကြောင့်ထိခိုက် ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ပါရန် မေတ္တာရပ်ခံပါသည်။ ၈။ လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုအား ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်လျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ညီနောင် တိုင်းရင်းသား အင်အားစုများ အားလုံးနှင့် လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-04-02

Date of entry: 

2021-05-13

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf pdf

အရွယ်အစား: 

149.99 KB 400.34 KB

Resource Type: 

text

Text quality: 

    • Good