Message sent by the Pyidaungsu Hluttaw Representative Committee on the 21st Kayan National Day - ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (၂၁) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (၂၁) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ သို့ ပေးပို့သည့် သဝဏ်လွှာ ======================= ၁။ ယနေ့သည် ပြည်ထောင်စုဖွား ကယန်းအမျိုးသားများ၏ (၂၁) ကြိမ်မြောက် အမျိုးသားနေ့ဖြစ်ပေသည်။ ကယန်းအမျိုးသားနေ့ကို ကယန်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး နှင့် အတူတကွ ဂုဏ်ပြု ကြိုဆိုလိုက်ပါသည်။ ၂။ ကယန်းအမျိုးသားတို့သည် သမိုင်းစဉ်တစ်လျှောက်တွင် အာဏာရှင်တို့ကို ပြည်ထောင်စုဖွား တိုင်းရင်း သားများနှင့်အတူတကွ လက်တွဲ၍ တွန်းလှန်ခဲ့ကြသည်။ ၃။ ယနေ့အချိန်အခါသည် ပြည်ထောင်စုတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံးက အာဏာရှင်ကို နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်တိုက်ပွဲဝင်နေကြသည်ဖြစ်ရာ၊ ကယန်းအမျိုးသားတို့အနေ ဖြင့်လည်း ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်နေသည်ဟု ယုံကြည်ပါသည်။ ၄။ လွတ်လပ်မှု၊ တရားမျှတမှု နှင့် တန်းတူညီမျှမှုတည်းဟူသော လောကပါလ တရားတို့ ထွန်းကား၍ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ထောင်ရေး အတွက် ကယန်းအမျိုးသားများအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး အတူတကွ လက်တွဲကြိုးပမ်းအားထုတ်ကြပါစို့ဟု အလေးအနက်တိုက်တွန်းရင်း သဝဏ်လွှာ ပါးအပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-04-10

Date of entry: 

2021-05-10

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

151.14 KB

Resource Type: 

text

Text quality: 

    • Good