ဖော်ပြချက်/အကြောင်းအရာ:
"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
သတင်းထုတ်ပြန်ချက် အမှတ်( ၁၁ )...
ရက်စွဲ ။ ။ ၂၀၂၁ခုနှစ်၊ ဧပြီလ၊ (၁၆)ရက်...
၁။ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မြန်မာပြည်သူများက အပ်နှင်းသော အခွင့်အာဏာကိုကျင့်သုံးလျက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက် တွင် ဖွဲ့စည်းတာဝန်ပေးအပ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။...
၂။ ဤပြည်ထောင်စုအစိုးရသစ် ပေါ်ပေါက်ရန်အလို့ငှာ အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အတည်ပြုမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter)) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။...
၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေပြုရေးမဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကလည်းကောင်း တာဝန်ယူဆောင် ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်ပါသည်။...
၅။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည်သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်က်ိုယ်စားပြုကော်မတီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်ပါသည်။...
၆။ အမျိုးသားညီညွတ်ရေးအစိုးရတွင် ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံ ပါဝင်ရေးကို ဦးတည်လျက် လိုအပ်သလို ဆက်လက်တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw (CRPH) via National Unity Government of Myanmar
Date of Publication:
2021-04-16
Date of entry:
2021-05-09
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
176.13 KB
Resource Type:
text
Text quality:
- Good
Alternate URLs:
- html
