ဖော်ပြချက်/အကြောင်းအရာ:
စီးပွားရေးနှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုရရှိရေး အတွက် မေခရိုစီးပွားရေး မူဝါဒမြှင့်တင်ရေး ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံဆွေးနွေးပွဲ ... "စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီးပွားရေး မူဝါဒ" စာတမ်းပြုစုသူ- ဦးစိုးသိန်း (ဥက္ကဌ -စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ)... (၁)
နိဒါန်း...(၂) နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် စက်မှုကဏ္ဍ...(၃)
စက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (၄) နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ရန် စီးပွားရေး မူဝါဒ ပြုပြင်ပြောင်းလဲရေး (၅) အခွန်အကောက်များ အခြေ အနေ (၆) မူဝါဒ ဆိုင်ရာ အကြံပြုချက် (၇) နိဂုံး (၈)မေး ခွန်း များ ပြန်လည်ဖြေကြားခြင်း... နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွင် စက်မှုလက်မှုကဏ္ဍသည် လွန်စွာ အရေးပါနေသည့် အတွက်အောက်ပါ ကဏ္ဍများအား အထူးအလေး ထားဆောင်ရွက်ရန် လိုအပ်ကြောင်းတွေ့ရှိ ရပါသည်- (၁) လယ်ယာ၊ သားငါး ထွက်ပစ္စည်း များပြုပြင် ထုတ်လုပ်မှု (Processing Industry) (၂)စက်မှုကုန်ပစ္စည်း ထုတ်လုပ်မှု (Manufacturing Industry) (၃)သတ္တုတွင်းထွက် ပစ္စည်းများ ထုတ်လုပ်မှု (Mining Industry) (၄) လူသုံးကုန်ပစ္စည်း များ ထုတ်လုပ်မှု (Consumer Goods Industry) (၅)ဆောက်လုပ်ရေး လုပ်ငန်း (Construction Industry) (၆)ဝန်ဆောင်မှု လုပ်ငန်း (Services Industries –Logistics & Transport) (၇) သတင်းနှင့် နည်းပညာ လုပ်ငန်း (IT Industry)... စက်မှုကဏ္ဍဟုဆို ရာတွင် ထုတ်လုပ်မှုကို သာဆောင်ရွက်သည့် စက်မှုလုပ်ငန်းများ သာမက ထုတ်လုပ်မှုဆောင်ရွက်သည့် စက်မှုလုပ်ငန်းများ အားဝန်ဆောင် မှုဖြင့် ပံ့ပိုးသည့် စက်မှုလုပ်ငန်းများ အားလုံး ပါဝင်လျက် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိုဆောင်ရွက် လျက်ရှိ ပါသည်။
နိုင်ငံပိုင် ဝန်ကြီးဌာနများ အနေဖြင့် အမှတ်(၁) စက်မှု ဝန်ကြီးဌာန၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန တို့သည် ထုတ်လုပ်မှုအပိုင်း ကိုဆောင်ရွက် လျက်ရှိပြီး၊
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန၊ အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တို့သည် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြု သည့် စွမ်းအင်၊ လျှပ်စစ်၊ လမ်းတံတား ဆက်သွယ်ရေးဆိုင်ရာ Infrastructure ပိုင်း တိုးတက်ရေး အတွက် တာဝန်ယူလျက် စီမံကိန်းများဖြင့် အသီးသီး အကောင် အထည်ဖော်ဆောင်ရွက် လျက် ရှိပါသည်။
ရင်းမြစ်:
Government of the Union of Myanmar: Industrial Development Committee
Date of Publication:
2011-08-21
Date of entry:
2011-12-27
Grouping:
- Individual Documents
Language:
Burmese/ မြန်မာဘာသာ
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
757.14 KB
