Description:
"နယ်စွန်နယ်ဖျားတွင်သာရင်ဆိုင်နေရသည့် ပြဿနာတစ်ခုမဟုတ်သော မြန်မာနိုင်ငံ၏ နယ်မြေစိုးမိုးရေး ပဋိပက္ခများသည်
ကျယ်ပြန့်စွာ ပျံ့နှံ့လျက်ရှိပြီး နိုင်ငံ၏ အရေးအကြီးဆုံးသော နိုင်ငံလုံးဆိုင်ရာ အခက်အခဲများကို ပုံဖော်နေသည်။ နယ်မြေစိုးမိုးရေး
ပဋိပက္ခများသည် နိုင်ငံ လူဦးရေ၏ ၄ ပုံ ၁ ပုံကို တိုက်ရိုက် ထိခိုက်စေသည်။ ရာစုနှစ်ဝက်ကျော်ကြာအောင် နိုင်ငံတစ်ခုလုံး၏
နိုင်ငံရေးလမ်းကြောင်း၊ စီးပွားရေးတိုးတက်မှုနှင့် လူသားဘဝ ဖွံ့ဖြိုးတိုးတက်မှုများပေါ်တွင် အကြီးအကျယ်သက်ရောက်မှုများ
ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် သဘာဝအရ ခွဲမရအောင်
ဆက်စပ်နေကြသည်။ မြန်မာနိုင်ငံ၏ နယ်မြေစိုးမိုးရေး ပဋိပက္ခများ ချုပ်ငြိမ်းစေရန် နည်းလမ်းရှာမည်ဆိုပါက ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်ရန်၊ လူနေမှုအဆင့်အတန်းများ မြှင့်တင်ရန် လိုအပ်သည်။ ၂ဝ၁၁ ခုနှစ်မှ
စပြီး ငြိမ်းချမ်းရေးကို ဦးတည်သည့် ထင်ရှားသည့် တိုးတက်မှုများရှိခဲ့သည်။ သို့သော်လည်း ရေရှည်တည်ငြိမ်ပြီး ကဏ္ဍစုံ
ပြည့်စုံသည့် ငြိမ်းချမ်းရေးရရှိရန်မှာ ဖွဲ့စည်းပုံစနစ်များ ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်။ နိုင်ငံရေးအာဏာကို ပြည့်ပြည့်ဝဝ
ခွဲဝေပေးခြင်းမှ အရပ်သား အုပ်ချုပ်မှုသို့ပြောင်းခြင်း၊လူမျိုးစုတိုင်းရင်းသား အားလုံးက တရားဝင်ဖြစ်သည်ဟု
လက်ခံအသိအမှတ်ပြုသည့် အစိုးရစနစ်တရပ်ပေါ်ထွက်လာရေးအထိ ပြုပြင်ပြောင်းလဲရေးများပြုလုပ်ရန်လိုအပ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်သည် တမျိုးသားလုံးအဆင့် ကြိုးပမ်းမှုဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှ
အရေးကြီးသည့် အကူအညီပေးရေးဆိုင်ရာ အခန်းကဏ္ဍတွင် ရှိနေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲ၊
ဖွံ့ဖြိုးတိုးတက်မှုများ လျင်လျင်မြန်မြန်ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ဆွေးနွေးနေမှုများကို အထောက်အပံ့ဖြစ်စေရန်၊ ငြိမ်းချမ်းရေး
အလားအလာများ ဖြစ်ထွန်းအားကောင်းလာစေရန် The Asia Foundation သည် တစ်နှစ်ကျော်ကြာ အချိန်ယူပြီး မြန်မာနိုင်ငံ၏
အတိုက်အခံ ဖြစ်ပွားနေသည့်ဒေသများ - နယ်မြေစိုးမိုးရေးပဋိပက္ခ၊ ထောက်ပံ့ကူညီမှု၊ ဖွံ့ဖြိုးရေး (The Contested Areas of
Myanmar: Subnational Conflict, Aid, and Development ) စာတမ်းကိုပြုစုခဲ့ပါသည်။
ပါဝင်ရေးသားကြသည့် သုတေသီများနှင့် ဝေဖန်သုံးသပ်သူများ၏ အတွေ့အကြုံပြည့်ဝ ကျွမ်းကျင်မှုအပေါ်တွင်အခြေခံပြီး
စာတမ်းရှင်များ ပူးပေါင်းရေးသားထားသည့် စာတမ်းတစ်ခုဖြစ်ပါသည်။ ၂ဝ၁၃ ခုနှစ် တွင် The Foundation က ထုတ်ဝေခဲ့သည့်
အာရှရှိ အတိုက်အခံ ပဋိပက္ခများဖြစ်ပွားနေသည့် နေရာများ - နယ်မြေစိုးမိုးရေးပဋိပက္ခနှင့် နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ
(The Contested Corners of Asia: Subnational Conflict andInternational Development Assistance) စာတမ်းပေါ်တွင်
အခြေတည်၍ ပြုစုထားခြင်းဖြစ်ပါသည်။ အာဏာပိုင်များ စင်ပြိုင်အနေအထားဖြင့် အုပ်ချုပ်နေသည့် ပဋိပက္ခ သက်ရောက်မှုရှိသည့်
ဒေသများ၊ အုပ်ချုပ်မှုများ ရောထွေးနေသည့် ဒေသများအကြောင်း အပါအဝင် မြန်မာနိုင်ငံတစ်ခုလုံးပေါ် သက်ရောက်မှုရှိသည့်
အုပ်ချုပ်မှုဆိုင်ရာ အကြောင်းများကို ဖောင်ဒေးရှင်းအနေဖြင့် ၂ဝ၁၃ ခုနှစ်မှစပြီး တစိုက်မတ်မတ်လေ့လာထားခဲ့မှုများကြောင့်
နိုင်ငံနှင့် ပတ်သက်သည့် အဖိုးတန် အချက်အလက်များကို ပံ့ပိုးပေးနိုင်ခဲ့သည်"
Source/publisher:
Asia Foundation
Date of Publication:
2018-01-10
Date of entry:
2018-02-05
Grouping:
- Individual Documents
Category:
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
15.01 MB
