အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၄/၂၀၂၃)

Description: 

"၁။ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ/ဆေးခန်းများအပါအဝင် ကျန်းမာရေး ကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများမှာ တစ်နေ့တခြား ပိုမို ဆိုးရွားလာလျက်ရှိသည်။ အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကုသပေးနေသည့် ဆေးရုံ/ဆေးခန်းများအပေါ် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ကို ယခုဧပြီလအတွင်း ရည်ရွယ်ချက်ထား၍ အရှိန်တိုးမြှင့်ကျူးလွန်နေကြောင်း တွေ့ရှိရသည်။ ၂။ ၂၀၂၃ ခုနှစ်၊ ဧပြီလ၏ ပထမ (၁၈) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက ကျန်းမာရေး ကဏ္ဍအပေါ် တိုက်ခိုက်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် (၂၀-၄-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာချက်အမှတ် (၃/၂၀၂၃) ဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။ ၃။ ထိုသို့ထုတ်ပြန်ကြေညာပြီးနောက် (၅) ရက်အကြာ (၂၅-၄-၂၀၂၃) ရက်နေ့တွင်လည်း ရှမ်း ပြည်နယ်တောင်ပိုင်း၊ အနောက်ကယန်းဒေသ၊ ဖယ်ခုံမြို့နယ်၊ ယင်နွဲ့ကျေးရွာအုပ်စုရှိ. ဆောင်းဖွေး ပြည်သူ့ဆေးရုံ၌ လူနာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စစ်ဘေးရှောင်ပြည်သူ များ ရှိနေစဉ်မှာပင် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ငါးကြိမ်ထက်မနည်း ဗုံးသီး (၁၀) လုံးကျော် ဗုံးကြဲပစ်ခတ်ခဲ့ပြန်သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၁၅) နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် စုစုပေါင်း ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ကလေးမီးဖွားပြီး (၂) ရက်သာ ရှိသေးသူ အမျိုးသမီးလူနာ မပန်းလဲ့ဦး၊ အသက် (၁၈) အရွယ်၏ ဦးခေါင်းတွင် ဗုံးစဖောက်ဝင်ဒဏ်ရာ ရရှိပြီး အသက် အန္တရာယ်ရှိသောအခြေအနေတွင် ရှိပါသည်။ ဆေးရုံ အဆောက်အအုံအများစု၊ ဆေးနှင့် ဆေး ပစ္စည်းများ၊ ဆိုင်ကယ်နှင့် ကားအချို့လည်း ပျက်စီးသွားခဲ့သည်။ ၄။ ထို့အတူ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီ/ ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၏ အရှေ့ဖက်ခြမ်းရှိ ဒေါတမကြီးဆေးရုံကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံမှာ လုံးဝပျက်စီးသွားခဲ့ပြီး ဆေးရုံအနီးရှိ ပြည်သူတစ်ဦး သေဆုံးခဲ့သည်။ ၅။ အကြမ်းဖက်စစ်ကောင်စီက ထိုကဲ့သို့ ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ် ထား၍ အကြမ်းဖက်တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်း ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်၍ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အမြန်ဆုံး တားဆီးအရေးယူရန် မိမိတို့အနေဖြင့် အကြိမ်ကြိမ် အသိပေးတိုက်တွန်း ခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်ဆောင်ရွက်ချက်များမှာ နှေးကွေး၍ မသိကျိုးကျွန် ပြုနေကြဆဲ ဖြစ်ပါသည်။ ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်မူ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေသည့်တိုင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများ နှင့်လက်တွဲ၍ စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။..."

Source/publisher: 

Ministry of Health - National Unity Government of Myanmar

Date of Publication: 

2023-04-28

Date of entry: 

2023-04-28

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

485.92 KB

Resource Type: 

text

Text quality: 

    • Good