Description:
"၁။ ယနေ့သည် အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်၊ ဗဟိုလကြည့်စိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ “အီဒွလ် အဿွ်ဟာ” (ကုရ်ဗာနီအီးဒ်) နေ့မြတ်ဖြစ်သည်။ ဤနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း မှီတင်းနေထိုင်ကြသည့် အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
၂။ “အီဒွလ် အဿွ်ဟာ” နေ့မြတ်သည် အစ္စလာမ်ဘာသာဝင်များအဖို့ အရေးကြီးပွဲနေ့မြတ်နှစ်ခုအနက် တစ်ခုဖြစ်သည်။ ဤနေ့မြတ်သည် အာဗြဟံက ၎င်း၏သား အိရှမေးလ်အား အလ္လာဟ်အရှင်မြတ်ထံ ပူဇော်ရန် စိတ်ဆန္ဒ ပြဌာန်းပြုလုပ်ခဲ့သည်ကို အလေးအမြတ်ထားအောက်မေ့၍ ကျင်းပခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အိရှမေးလ်အစား သိုးသူငယ်တစ်ကောင်ကိုသာ ပူဇော်ရန် အာဗြဟံအား ပြင်ဆင်ပေးသနားတော်မူခဲ့သည်။
၃။ အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက် အရေးအကြီးဆုံးမှာ အလ္လာဟ်အရှင်မြတ်၏သွန်သင်ချက်ကို ရိုသေစွာနာခံ လိုက်လျှောက်ခြင်းဖြစ်သည်။ အစ္စလာမ်၏အဓိပ္ပါယ်မှာ ငြိမ်းချမ်းခြင်းဖြစ်သည်။ ငြိမ်းချမ်းခြင်းရှိရန်မှာ တရားမျှတမှု လိုအပ်ပေသည်။ တရားမျှတမှု မတည်ရှိ၊ မဖြစ်ထွန်းလျှင် စစ်မှန်သောငြိမ်းချမ်းခြင်းဆိုသည်မှာ မဖြစ်လာနိုင်ပေ။ ထို့ကြောင့် စစ်မှန်သောငြိမ်းချမ်းခြင်းအတွက် တရားမျှတမှုရှိရေးဖော်ဆောင်ရန် မိမိတို့အားလုံးတွင်တာဝန်ရှိသည်။
၄။ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကြီးစိုးပြီး နိုင်ငံသူနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်များကို လျစ်လျူရှုကာ၊ ဥပဒေမဲ့ လူမဆန်ရက်စက်စွာပြုကျင့်နေသမျှကာလပတ်လုံး စစ်မှန်သောလုံခြုံငြိမ်းချမ်းမှု ရရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုးဖယ်ရှားကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။
၅။ ယနေ့မှစတင်သည့် “အီဒွလ် အဿွ်ဟာ” နေ့မြတ်အချိန်အခါသာမယအတွင်း အလ္လာဟ်အရှင်မြတ်၏ ကရုဏာ တော်အားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်း လုံခြုံငြိမ်းချမ်းနိုင်ပါစေကြောင်းနှင့် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး တွင် စိတ်စေတနာထက်သန်စွာ ပါဝင်ဆောင်ရွက်နေကြသည့် အစ္စလာမ်ဘာသာဝင်အပေါင်းအား လေးစားဂုဏ်ပြု ကြောင်းဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2022-07-10
Date of entry:
2022-07-10
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
341.04 KB
Resource Type:
text
Text quality:
- Good