အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (၁)နှစ်ပြည့်သို့ ပေးပို့သော သဝဏ်လွှာ

Description: 

"ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်မှု တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကို အခုလို သဝဏ်လွှာပါးခွင့်ရတဲ့အတွက် အထူးဂုဏ်ယူကြောင်း ပြောလိုတယ်။ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ ပြတ်သားတဲ့ သန္နိဌာန်နဲ့တပ်တစ်ခု တည်ထောင်ခဲ့ကြတဲ့ နွေဦးမျိုးဆက်တွေရဲ့ စွမ်းပကားကိုလည်း ဂုဏ်ပြုလိုတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းထူထောင်တဲ့နေရာမှာ လေ့ကျင့်မှုအပါအဝင်လိုအပ်တဲ့ ကူညီရိုင်းပင်းမှုများ ပြုခဲ့ကြတဲ့ ညီနောင်မဟာမိတ်တော်လှန်ရေးအဖွဲ့များ အားလုံးရဲ့ ကျေးဇူးကိုလည်း ကျွန်တော်တို့ မမေ့မလျော့ ရှိရမှာဖြစ်တယ်။ ဒီနေ့တိုင်းပြည်ရဲ့လိုအပ်ချက်၊ ပြည်သူရဲ့တောင်းဆိုချက်က ပြည်ထောင်စုသစ်တစ်ရပ်နဲ့တပ်မတော်သစ် တစ်ခု တည်ထောင်ဖို့ ဖြစ်တယ်။ ပြည်ထောင်စုသစ်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်အပေါ်မှာ အခြေပြုတယ်။ တပ်မတော်သစ်ကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်ပြီး ပြည်ထောင်စုသားတိုင်းရင်းသားအားလုံးပါဝင်တဲ့ တိုင်းရင်းသားပြည်သူလူထုကို အမှန်တကယ်ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ပဲ ဖြစ်တယ်။ တစ်နှစ်ပြည့် BPLA အနေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးတိုက်ပွဲမှာ ညီနောင်မဟာမိတ် ရဲဘော်များ၊ ညီနောင် PDF ရဲဘော်များနဲ့လက်တွဲပြီး အရှိန်မြှင့်ဆင်နွှဲလိမ့်မယ်လို့ ယုံကြည်သလို တချိန်မှာ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာဖို့လည်း မျှော်လင့် တယ်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2022-04-17

Date of entry: 

2022-04-17

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

280.04 KB

Resource Type: 

text

Text quality: 

    • Good