Sub-title:
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်တို့ လက်ရှိသက်တမ်းများ ရပ်ဆိုင်းကြောင်း ကြေညာခြင်း
Description:
"၁။ နိုင်ငံတည်ဆောက်ရေးနှင့် အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို ကာကွယ်၍ တာဝန်ယူဆောင်ရွက်ပေးရမည့် အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပြုဖျက်ဆီးနေသော အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိနေသည်။
၂။ နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသည် လိုင်စင်ကြေးများ ကို အဓမ္မကောက်ခံပြီး ယင်းငွေကြေးများအား ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ပေးအပ်၍ အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ငန်းများတွင် တတပ်တအားပါဝင်ဆောင်ရွက်ပေးနေသည်ကို အထောက်အထား ခိုင်လုံစွာဖြင့် သိရှိရပါသည်။
၃။ အဆိုပါ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့ကို တာဝန်ယူထိန်းကြောင်းဆောင်ရွက်နေသော နာယကများ၊ ကောင်စီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီဝင်များ အားလုံး၏ လက်ရှိသက်တမ်း အားဖျက်သိမ်းပြီး တာဝန်မှ ရပ်ဆိုင်းကြောင်း ကြေညာလိုက်သည်။
၄။ အဆိုပါတာဝန်မှ ရပ်ဆိုင်းခံရသူအားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို တရားဝင်မှု မရှိကြောင်း သတ်မှတ်လိုက်သည်။
၅။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့၏ သက်တမ်း အသစ်ဖွဲ့စည်းခြင်းများအားလုံးကို နိုင်ငံတော်သမ္မတရုံးမှ နောက်ထပ်အမိန့်တစုံတရာ ထပ်မံထုတ်ပြန်သည့်အထိ ရပ်ဆိုင်းထားရမည်။
(ဒူဝါလရှီးလ)
နိုင်ငံတော်ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်..."
Source/publisher:
President Office, National Unity Government
Date of Publication:
2022-04-11
Date of entry:
2022-04-11
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
222.77 KB
Resource Type:
text
Text quality:
- Good
