Description:
"၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတင် ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့၏ ဥပဒေမဲ့သတ်ဖြတ်မှုဟု ယူဆရသည့် ဖြစ်စဥ်နှင့် ပတ်သက်၍ တရားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးတွဲ၍ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။
ကနဦးသိရှိချက်အရ အဆိုပါဖြစ်စဥ်သည် ဖောက်ခွဲရေးပစ္စည်းများ မှားယွင်းပေါက်ကွဲမှုက စတင်အခြေတည်ကာ လက်စားချေသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှုအရ သိရှိရပြီး အဆိုပါ ဖြစ်ရပ်ကို ကျူးလွန်သူများက ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်းလည်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည့်အကြောင်းကို ထုတ်ဖော်ပြောကြားစဥ်က “အကယ်၍ ဒီစွပ်စွဲချက်ကသာ မှန်ကန်ခဲ့တယ် ဆိုရင်တော့ ကျင့်ဝတ်စည်းကမ်းချိုးဖောက်မှုနှင့် မလိုက်နာမှု တွေဟာ အင်မတန် စိုးရိမ်စရာကောင်းပါတယ်၊ ဒါ့အပြင် ဒီလိုမလျော်သြဇာသုံးခြင်းဟာ အပြစ်မဲ့တဲ့ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတွက် အမည်းစက်ဖြစ်သွားနိုင်ပါတယ်” ဟူ၍လည်းကောင်း၊ “ပဋိပက္ခဖြစ်စဥ် ဖြစ်ပွားနေသည့် ကာလအတွင်းမှာပင်လျှင် ဥပဒေရဲ့အထက်၌ မည်သူမျှ မရှိစေရ” ဟူ၍လည်းကောင်း၊ “ယခု စုံစမ်းစစ်ဆေးမှုတွင် မြေပြင်၌ အမှန်တကယ်ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ယင်းကျူးလွန်မှု အတွက် မည်သူတွင် တာဝန်ရှိသည်ဆိုသည့် အမှန်တရားကို ဖော်ထုတ်သွားမည်” ဟူ၍လည်းကောင်း ကတိပြု ပြောကြားခဲ့ပါသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်သံမဏိက ထိုသို့ သတ်ဖြတ်ရန် အမိန့်ပေးခဲ့မှုမျိုး မရှိခဲ့သော်လည်း အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ “တချို့သော လက်အောက်ငယ်သား တပ်ဖွဲ့ဝင်တွေ အနေနဲ့ကတော့ ဒေါသမထိန်းနိုင်လို့ ဒီလိုဖြစ်ရပ်မျိုးကို ကျုးလွန်မိတာ ဖြစ်နိုင်ကြောင်း၊ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပြစ်ဒဏ်ချမှတ်ခံရရင်လည်း ဒီဖြစ်စဥ်ရဲ့ အကျိုးဆက်တွေကို မိမိအနေနဲ့ ရင်ဆိုင်ဖို့ အဆင့်ပါပဲ” ဟု ပြောဆိုသည်။
အကယ်၍ ခိုင်လုံသောသက်သေများ စစ်ဆေးတွေ့ရှိခဲ့ပါက ပြစ်မှုစစ်ဆေးစီရင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်ပါသည်။
ပဋိပက္ခဖြစ်စဥ်ကာလ၌ ကျင့်သုံးရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ၊ နိုင်ငံတကာဥပဒေများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်များအား လေ့ကျင့်မှုများ၊ ရှင်းလင်းမှာကြားမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ စစ်မြေပြင်တွင် အပြစ်မဲ့အရပ်သား ပြည်သူများကို အသက်အန္တရယ်ပြုခြင်းနှင့် သတ်ဖြတ်ခြင်း များကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက အတိအလင်း ကြေညာထားပြီး ဖြစ်သည်။..."
Source/publisher:
Ministry of Justice
Date of Publication:
2022-03-29
Date of entry:
2022-03-29
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
190.24 KB
Resource Type:
text
Text quality:
- Good
