Sub-title:
“ပြည်သူလူထုပိုင်အိုးအိမ်များအား မတရားချိတ်ပိတ်သိမ်းဆည်းနေမှုများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်”
Description:
"လတ်တလောကာလများအတွင်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ မတရားအာဏာလုယူမှုကို ဆန့်ကျင်သော၊ မိမိတို့၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးလျက်ရှိသော ပြည်သူလူထု၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို Telegram ကဲ့သို့သော လူမှုကွန်ယက်များတွင် ရေးသားဖော်ထုတ်၍ အကြမ်းဖက်ရန်လှုံ့ဆော်မှုများ ပျံ့နှံ့လာပြီး၊ အဆိုပါ လှုံ့ဆော်မှုများနှင့် ချိတ်ဆက်၍ ပြည်သူလူထုပိုင်ဆိုင်သော အိုးအိမ်စည်းစိမ်များကို မတရားသဖြင့် ချိတ်ပိတ် သိမ်းဆည်းမှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လာသည်ကို တွေ့ရပါသည်။ အဆိုပါ ဆောင်ရွက်နေမှုများသည် တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ ညစ်ထေးသော နည်းလမ်းဖြင့် စနစ်တကျ ဖိနှိပ်လာသော လုပ်ရပ်များ ဖြစ်သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပြင်းထန်စွာရှုတ်ချပါသည်။
ထိုကဲ့သို့ ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့် မတရားဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းသည် မိမိ၏ပါဝင်ပတ်သက်မှု အတိုင်းအတာပေါ်မူတည်၍ တာဝန်ယူ၊ တာဝန်ခံရစေရေး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ကျူးလွန်ခံရသော ပြည်သူများအနေဖြင့် ကျူးလွန်မှုတွင်ပူးပေါင်းပါဝင်ပတ်သက်သူများ၏ အချက်အလက်များနှင့် မတရားချိတ်ပိတ် သိမ်းဆည်းခံရသည် အိုးအိမ်ပိုင်ဆိုင်မှုစာရင်းများကို သက်သေများနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ https://mohai.nugmyanmar.org ရှိ အမှုဖွင့်တိုင်ကြားရန်နေရာတွင် တိုင်ကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပြည်သူများ၏ ပေးပို့တိုင်ကြားမှုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တွင် အမှုထမ်းလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းစစ်ဆေး ဖော်ထုတ်မှုများကို အခြေခံ၍ အဆိုပါ ကိစ္စရပ်များအား တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိုင်ငံတော်၏အာဏာကို တရားမဝင်လုယူထားသော အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် စစ်အုပ်စု၏ ဆောင်ရွက်နေမှုများအားလုံးသည် တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့်အတွက် မည်သည့်သက်ရောက်မှုမျှမရှိဘဲ ပျက်ပြယ်ပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် အထက်ပါ နေအိမ်ချိတ်ပိတ်သိမ်းဆည်းခံရမှုများ အားလုံးသည်လည်း ကျူးလွန်ခံရသည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းအပေါ် သက်ရောက်မှုမရှိစေရဘဲ မည်သည့်ဆုံးရှုံးမှုမျှ မရှိစေရေးနှင့် အသွင်ကူးပြောင်းမှုကာလ တရားမျတမှုဖော်ဆောင်ရေးအစီအစဉ်များအကောင်အထည်ဖော်ချိန်တွင် ဥပဒေမဲ့သိမ်းဆည်းခံရသည့် ပြည်သူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများကို ပြည်သူ့လက်ရောက် ပြန်လည်ပေးအပ်နိုင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဦးစားပေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2022-02-27
Date of entry:
2022-02-27
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
375.25 KB
Resource Type:
text
Text quality:
- Good
