ရန်ကုန်တိုင်းအတွင်း ပျံလွှားအောင်စစ်ဆင်ရေးအရ ၁၄ နေရာ တုန့်ပြန်တိုက်ခိုက်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့ ထုတ်ပြန်

Description: 

"အကြမ်းဖက်စစ်ကောင်စီကို အရေးယူတိုက်ခိုက် တုန့်ပြန်တဲ့ ပျံလွှားအောင် စစ်ဆင်ရေးကို ဒီဇင်ဘာလ ၃၁ ရက်နေ့ တရက်ထဲမှာ ရန်ကုန်တိုင်းအတွင်းက ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းနဲ့ ထီးတန်း ၂ လမ်း လှိုင်သာယာ၊ မြောက်ဒဂုံ ၃၇ ရပ်ကွက်၊ တောင်ဒဂုံ ၅၃ ရပ်ကွက်၊ မဂ်လာဒုံ ကြံခင်းစု၊ အင်းစိန် အောင်ဇေယျတံတားအနီး ဒဂုံမြို့သစ်အရှေ့ပိုင်း ကျန်စစ်သားလမ်းနဲ့ ရာဇာဓိရာဇ်လမ်းထောင့်၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ အနီး ဗဟန်း တက္ကသိုလ်ရိပ်သာလမ်းနဲ့ ဆရာစံ လမ်းထောင့် တာမွေစျေးအနီး ရွှေပြည်သာ လှော်ကား တာဆုံ အနီးမှာ ပျံလွှားအောင် စစ်ဆင်ရေး တုန့်ပြန်တိုက်ခိုက်နိုင်ခဲ့​ကြောင်း ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ က ဒီနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စမ်းချောင်းမြို့နယ် ခေတ္တာလမ်းက အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တိုးကြောင်လေးနဲ့ ရွာသာကြီးဘူတာကြား ရန်ကုန်-မန္တလေး ရထားလမ်းပေါ်မှာ ထောက်ပို့ရထားကို TNT မိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2022-01-01

Date of entry: 

2022-01-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

260.72 KB

Resource Type: 

text

Text quality: 

    • Good