Description:
"ကလေးတက္ကသိုလ်ရှိ CDM ပြည်သူ့ဝန်ထမ်းများထံ
တတိယအကြိမ်ထောက်ပံ့ချီးမြှင့်ကြောင်းကြေညာခြင်း
၁။ ကလေးတက္ကသိုလ်ရှိ CDM ပြည်သူ့ဝန်ထမ်းများကို၊၂၀၂၁ခုနှစ် ဇွန်လတွင် ပထမအကြိမ်ထောက်ပံ့နိုင်ခဲ့ပါသည်။ဒုတိယအကြိမ်ကို ဩဂုတ်လတွင်ထောက်ပံ့ရန် လျာထားခဲ့သော်လည်း၊အကြောင်းအမျိုးမျိုးကြောင့်ဖျက်သိမ်းခဲ့ရပါသည်။ သိုသော် Kalay University CDM Support Team (KUCST)အနေဖြင့် CDM သူရဲကောင်းများကိုဆက်လက်ထောက်ပံ့နိုင်ရန် အရှိန်အဟုန်ကြိုးစားခဲ့ရပါသည်။ဘာသာရပ်အလိုက် CDM အထောက်အကူပြုအဖွဲ့များ၊ပြည်ပရောက်ကျောင်းသားဟောင်းများနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်မိဘပြည်သူများမှ ပူးပေါင်းပါဝင်ပေးမှုကြောင့် တတိယအကြိမ်ထောက်ပံ့နိုင်ခဲ့ပြီးဖြစ်ပါသည်။
၂။ တတိယအကြိမ် CDM ထောက်ပံ့မှုစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၃။ CDM ထောက်ပံ့မှုတွင် ပါဝင်လှူဒါန်းပေးကြသောကျောင်းသားပြည်သူများ၊သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အလှူရှင်တစ်ဦးချင်းစီအား Kalay University CDM Support Team (KUCST)အနေနှင့်ကျေးဇူးတင်ရှိပါသည်။ စတုတ္ထအကြိမ် CDM ထောက်ပံ့မှုတွင်လည်း ဆက်လက်ပါဝင်ပေးကြပါရန် အလေးအနက်တိုက်တွန်းအပ််ပါသည်။
“ ပြည်သူသာလျှင်….ပဓာန”
“အရေးတော်ပုံ….မုချအောင်ရမည်”
ယာယီတက္ကသိုလ်အုပ်ချူပ်ရေးကောင်စီ
ကလေးတက္ကသိုလ်
ဖြန့်ဝေခြင်း-
(၁)CDM ပြည်သူ့ဝန်ထမ်းများ၊ကလေးတက္ကသိုလ်
(၂)ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)
(၃)ဘာသာရပ်အလိုက် CDM အထောက်အကူပြုအဖွဲ့များ
မိတ်တူကို-
(၁)ပညာရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ
(၂)ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)
(၃)စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ
(၄)ရုံးလက်ခံ/မျှော ။..."
Source/publisher:
Kalay University - Interim Administrative council
Date of Publication:
2021-12-17
Date of entry:
2021-12-19
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
231.52 KB
Resource Type:
text
Text quality:
- Good
