Description:
"လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနှင့်ပတ်သက်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ အားလုံးကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံ စည်းမျဉ်းများ နှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး တရားဝင်မှုနှင့် တာဝန်ခံမှုကိုအာမခံနိုင်သော တာဝန်ယူ တာဝန်ခံမှု ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သတ်မှတ်လမ်းကြောင်းများမှ တဆင့်သာ ဆောင်ရွက်သင့်ကြောင်း လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထပ်လောင်းအတည်ပြုပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ဒီမိုကရေစီတို့ကို ပြန်လည်ထိန်းသိမ်းရန်အတွက် အားထုတ် ကြိုးပမ်းမှုနှင့် ပါဝင်မှုများ အားလုံးသည် အမျိုးသားညီညွတ်ရေး အစိုးရက လိုက်နာဆောင်ရွက်ရန် ကတိပြုထားသော နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများ နှင့်အညီ ဖြစ်ရပါမည်။"
“လူ့အခွင့်အရေးချိုးဖောက်သူ၊ အကြမ်းဖက်အုပ်စုသည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် ယုံကြည်စိတ်ချရသော၊ အားကိုးရသော၊ တာဝန်ခံသော မိတ်ဖက်အဖွဲ့အစည်း မဟုတ်ပါ။"
Source/publisher:
Ministry of Humanitarian Affairs and Disaster Management - NUG
Date of Publication:
2021-12-15
Date of entry:
2021-12-19
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
771.69 KB
Resource Type:
text
Text quality:
- Good
