National Unity Government: Ministry of Labour Announcement No.3/2021 - အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၃/၂၀၂၁

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ကြေညာချက်အမှတ် ၃/၂၀၂၁ ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၃/၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁။ ပြည်သူများက ရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရထံမှ လက်နက်အားကိုး၍ မတရား အာဏာသိမ်းယူကာ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးလမ်းကြောင်းမှ သွေဖယ်ပြီး၊ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းမည့် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ရပ်တန့်နိုင်စေရန်အတွက် ဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများက နွေဦးတော်လှန်ရေး၏ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)တွင် ရဲဝင့်စွာ ပါဝင်ခဲ့ကြပါသည်။ ထိုသို့ ပါဝင်ခဲ့ မှုကြောင့် နိုင်ငံဝန်ထမ်းများအား အကြမ်းဖက်စစ်ကောင်စီက မတရားအလုပ်ထုတ်ပစ်ခြင်းအပါအဝင် ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် ခြင်း၊ ရိုက်နှက်စစ်ဆေးခြင်း၊ အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အမှုဆင်၍ ထောင်ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာန များတွင် ရာထူးနေရာ လစ်လပ်မှုများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။ ၂။ စစ်အာဏာရှင်ယန္တရား ဆက်လက်လည်ပတ်နိုင်ရန် တဘက်တလမ်းမှ ပူးပေါင်းပါဝင် အားဖြည့်ကူညီလျက်ရှိကြသည့် ဝန်ကြီးဌာနများအနက်မှ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနသည် ဦးစီးဌာနနှင့်အဖွဲ့ရုံးများမှ CDM သူရဲကောင်းများ၏ လစ်လပ်ရာထူးနေရာများအတွက် ၂၀၂၁ ခုနှစ် သြဂုတ်လ ၄ ရက် နေ့တွင် အလုပ်လျှောက်လွှာများ ခေါ်ယူခဲ့ ပါသည်။ ၃။ အကြမ်းဖက်စစ်ကောင်စီ၏အုပ်ချုပ်မှုကို ပြည်သူတစ်ရပ်လုံးက ညီညွတ်စွာ တွန်းလှန်နေသောကာလတွင် အကြမ်းဖက် စစ်ကောင်စီက ခေါ်ယူသော ရာထူးနေရာများအတွက် အလုပ်လျှောက်ထားခြင်း၊ အလုပ်ခန့်ထားခံရခြင်း၊ ရာထူးတိုးဝင်ရောက်ဖြေဆိုခြင်း၊ ရာထူးတိုးများရယူခြင်းတို့သည် တော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများ၊ CDM ဝန်ထမ်းများနှင့် ပြည်သူ တစ်ရပ်လုံးအပေါ် သစ္စာဖောက်ခြင်းဖြစ်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အဆိုပါ လစ်လပ် ရာထူးနေရာများတွင် ဝန်ထမ်းသစ်ခန့်အပ်ခြင်း နှင့် ရာထူးတိုးမြှင့်ခန့်ထားခြင်းတို့အား လုံးဝ အသိအမှတ်ပြုမည်မဟုတ်ကြောင်း နှင့် အကြမ်းဖက်စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေးအတွက် ဝန်ကြီးဌာနများတွင် ဝင်ရောက် တာဝန်ထမ်းဆောင် သူများ တစ်နည်းအားဖြင့် အာဏာရှင်စနစ်ကို အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်သူများအား အမည်ပျက်စာရင်း (Blacklist) သွင်း၍ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးကြေညာလိုက်သည်။ ၄။ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေး အထောက်အကူမဖြစ်စေရန် မိမိ၏ အသိ စိတ်ဓါတ်ဖြင့် စစ်ကောင်စီက ခေါ်ယူသည့်အလုပ်များကို ဝင်ရောက်လျှောက်ထားခြင်း၊ ရာထူးတိုးစာမေးပွဲများဝင်ရောက်ဖြေဆိုခြင်း မပြုသူများအား အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက်မည့် အလုပ်အကိုင်နေရာချထားရေးအစီအစဉ်များနှင့် ရာထူးတိုးမြှင့်ရေး အစီအစဉ်များတွင် ဦးစားပေးစဉ်းစားသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ပုံ နိုင်သုဝဏ္ဏ ပြည်ထောင်စုဝန်ကြီး အလုပ်သမားဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်..."

Source/publisher: 

Ministry of Labour - National Unity Government of Myanmar

Date of Publication: 

2021-08-26

Date of entry: 

2021-11-26

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

171 KB

Resource Type: 

text

Text quality: 

    • Good