Sub-title:
အမည်ပျက်စာရင်းကြေညာခြင်း
Description:
"ကြေညာချက် အမှတ် (၈/၂၀၂၁)
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်
အမည်ပျက်စာရင်းကြေညာခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတော်အာဏာအား အကြမ်းဖက်စစ် ကောင်စီမှ မတရားရယူခဲ့ပြီးနောက်ပိုင်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် ဆက်လက်အလုပ်အကျွေးမပြုဘဲ တရားမျှတမှုနှင့် ပြည်သူတို့၏အကျိုးကို ရှေးရှု၍ မတရားသော အမိန့်အာဏာအားဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) တွင် ပါဝင်ကြရန် အကြိမ်ကြိမ်ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန၏ လက်အောက်ရှိ မတရားသောအမိန့်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု၌ ပါဝင်လျက်ရှိသည့် ပြည်သူ့၀န်ထမ်းများအား အကြမ်းဖက်စစ် ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိသော Non-CDM ၀န်ထမ်းအချို့မှ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားစွဲဆိုခြင်း၊ ဥပဒေနှင့်အညီ ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်း များပြုလုပ်နေသည်ကို နေ့စဥ် တွေ့မြင်နေရပါသည်။
၃။ ယင်းကဲ့သို့ CDM ဝန်ထမ်းများအပေါ်၌ မတရားသဖြင့်ဖိအားပေးခြင်းနှင့် နိုင်ငံနှင့်ပြည်သူကို သစ္စာဖောက်ကာ အကြမ်းဖက်စစ်ကောင်စီအတွက် ထိရောက်သော အခန်းကဏ္ဍမှ ကျိုးနွံစွာ အလုပ်ကျွေးပြုနေသည့် ပြည်နယ်/တိုင်း ဒေသကြီး၊ ခရိုင်တာဝန်ခံအရာထမ်းဝန်ထမ်းများ အားလုံးနှင့် အောက်ဖော်ပြပါ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံများအား နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ (၄၁) အရ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်(dismiss) ပြီး ယင်းတို့သည်နိုင်ငံ့သစ္စာဖောက်များဖြစ်ကြောင်း အမည်ပျက်စာရင်း ကြေညာလိုက်သည်။
(မှတ်ချက်။ ထုတ်ပြန်ကြေညာချက် စာရင်းတွင်ဖေါ်ပြပါရှိသော ရာထူး၊ နေရာများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ကအသိအမှတ် မပြုသည့် စစ်ကောင်စီကပေးသော ရာထူး၊ နေရာ များသာ ဖြစ်ကြောင်း သိစေအပ်ပါသည်။)..."
Source/publisher:
Ministry of Communications, Information and Technology - Myanmar
Date of Publication:
2021-11-08
Date of entry:
2021-11-08
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
English
Local URL:
Format:
pdf
Size:
897.01 KB
Resource Type:
text
Text quality:
- Good
