Description:
"သတင်းအဖြစ် ယာယီသမ္မတ၏ COP26 အစည်းအဝေးသို့ ပေးပို့ခဲ့သည့် သဝဏ်လွှာအား အင်္ဂလိပ်/ မြန်မာနှစ်ဘာသာဖြင့် ပူးတွဲထုတ်ပြန်ခြင်း
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်
ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင် နိုင်ငံများ၏ (၂၆) ကြိမ်မြောက် အစည်းအဝေး (COP26) အား ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ဗြိတိန်နိုင်ငံ ဂလက်စကိုမြို့တွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါကွန်ဗင်းရှင်းတွင် ၁၉၉၄ ခုနှစ်၌ လက်မှတ်ရေးထိုး အတည်ပြုပါဝင်ခဲ့သော နိုင်ငံတနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက အဆိုပါအဖွဲ့ဝင်နိုင်ငံများ၏ (၂၆) ကြိမ်မြောက်အစည်းအဝေးသို့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။
ယာယီသမ္မတ၏ သဝဏ်လွှာအား အောက်ပါအတိုင်း အကျဉ်းချုပ်ဖော်ပြအပ်ပါသည်-
(က) ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IPCC) ၏ ၆ ကြိမ်မြောက် ဆန်းစစ်ချက်အရ ကမ္ဘာ့အပူချိန်သည် စက်မှုထွန်းကားကာလ မတိုင်မီထက် (၁.၁) ဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်ခဲ့လျက်ရှိပြီး လူသားထုတရပ်လုံး အတွက် စိုးရိမ်ဖွယ် အန္တရာယ်ရှိသည့် အနီရောင်အဆင့် သို့ရောက်ရှိလာနေပြီးဖြစ်သဖြင့် ယခုနှစ်သ်ရာသီဥတုပြောင်းလဲမှုကို မဖြစ်မနေ ထိန်းချုပ်ဆောင်ရွက်ရမည့်နှစ် ဖြစ်ပါ ကြောင်း၊
(ခ) မိမိတို့အစိုးရအနေဖြင့် UNFCCC ကွန်ဗင်းရှင်းသို့ ၁၂-၇-၂၀၂၁ ရက်နေ့တွင် တင်သွင်းခဲ့သည့် “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျော ညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDC)” အစီရင်ခံစာတွင် မိမိတို့ကတိကဝတ် ပြုဆောင်ရွက်သွားမည့် လုပ်ငန်းများကို ထည့်သွင်းထားပါကြောင်း၊
(ဂ) ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ ကြိုးပမ်း ချက် အရှိန်အဟုန်များမှာလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် ဆုတ်ယုတ်ပျက်စီးခဲ့ရပြီး ရာသီဥတုပြောင်းလဲမှုအပြင် ကိုဗစ်-၁၉ ရောဂါနှိပ်စက်မှု ကြားက အာဏာသိမ်းမှုတို့ကြောင့် ပြည်တွင်းတွင် ကဏ္ဍတိုင်း၌ များစွာဆုတ်ယုတ် ပျက်ဆီးလျက်ရှိပါကြောင်း၊
(ဃ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်မည့် ကတိကဝတ်အား ဆက်လက်ဖော်ဆောင်သွားမည်ဟု သန္နိဠာန်ချထားသော်လည်း စစ်အာဏာရှင်များမှာ ပြည်သူများအား သတ်ဖြတ်ရန် သစ်နှင့်သယံဇာတများအား အရှိန်အဟုန်မြှင့် ထုတ်ယူသုံးစွဲပြီး ရာသီဥတုပြောင်းလဲမှုကိုပိုမိုဖြစ်စေလျက်ရှိကြောင်း၊
(င) မိမိတို့အစိုးရအား အသိအမှတ်ပြု ထောက်ပံ့ခြင်းသည် ကျွန်ုပ်တို့၏ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းများ တက်တက်ကြွကြွ ဆောင်ရွက်နိုင်ရန် အတွက် သာမက မြန်မာပြည်သူများ၏ အခွင့်အရေးမြှင့်တင်ပေးရန်နှင့် ၎င်းတို့၏ ဒီမိုကရေစီ မျှော်မှန်းချက်များ ဖြည့်ဆည်းပေးရန်တို့အတွက် အရေးတကြီး လိုအပ်ချက်ပင်ဖြစ်ကြောင်း၊
(စ) ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ လူသားများနှင့် ကမ္ဘာမြေ၏ အကျိုးစီးပွား အတွက် မြန်မာပြည်သူများအား ဦးဆောင်ကာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။..."
Source/publisher:
President Office, National Unity Government
Date of Publication:
2021-11-01
Date of entry:
2021-11-01
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
819.3 KB
Resource Type:
text
Text quality:
- Good
