National Unity Government of Myanmar Order No.5/2021 - အမျိုးသားညီညွတ်ရေးအစိုးရ အမိန့်အမှတ် (၅ /၂၀၂၁)

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အမိန့်အမှတ ( ၅ /၂၀၂၁) ၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်) ၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်စေရေး တို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင် နေပြီး (CDM) ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် အမျိုးမျိုးသောဖိနှိပ်မှုများကို ကျူးလွန်နေသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အောက်ဖော်ပြပါ ဝန်ထမ်းများအား အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်သည်။ အမိန့်အရ (ပုံ) တင်ထွန်းနိုင် ပြည်ထောင်စုဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-09-11

Date of entry: 

2021-09-11

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

219.82 KB

Resource Type: 

text

Text quality: 

    • Good