Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အမိန့်အမှတ် (၂/၂၀၂၁)ကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
အလုပ်သမားဝန်ကြီးဌာန
အမိန့်အမှတ် (၂/၂၀၂၁)
၁၃၈၃ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်စွဲပါ ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီကို စိတ်ရောကိုယ်ပါ ထောက်ခံပူးပေါင်းပြီး၊ ဌာနတူဝန်ထမ်းများအား ဖိနှိပ်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထုတ်ပြန်ထားပြီးဖြစ်ပါသည်။
၂။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ကာ နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ရပ်တည် တိုက်ပွဲဝင်လျက်ရှိကြသော နိုင်ငံ့ဝန်ထမ်းများအား ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ ဖိအားပေး၍ ချက်ချင်း ဖယ်ရှားစေခြင်း၊ ပြည်သူ့အစိုးရက ပေးဆပ်ရန်မလိုဟု ထုတ်ပြန်ကြေညာထားသည့် နိုင်ငံ့ဝန်ထမ်း ချေးငွေများအား ပြန်လည်ပေးသွင်းရန် အဓမ္မဖိအားပေးခြင်း၊ ရှေးဦးစုံစမ်းမှု(PE) နှင့် ဌာနဆိုင်ရာစစ်ဆေးမှု(DE) များ ပြုလုပ်ရာတွင် တမင်နှိပ်ကွပ်၍ လှုပ်ရှားမှုမှတ်တမ်းတို့အား ရယူဆောင်ရွက်ခြင်း တို့အပြင် အခြားဖိနှိပ်မှုများနှင့် ခြိမ်းခြောက်မှုမျိုးစုံ ပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူ ဝန်ထမ်းများအား မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်ဆုတ်စွာ ရှုံ့ချပါသည်။
၃။ မိမိတို့ လုပ်ဖော်ကိုင်ဖက်များအပေါ် ရန်ဖက်သဖွယ် သဘောထားကာ ဓမ္မနှင့် အဓမ္မ ကိုပင် ဆင်ခြင်သုံးသပ်နိုင်ခြင်းမရှိဘဲ အထက်ဖော်ပြပါဖိနှိပ်မှုမျိုးစုံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျူးလွန်ဆောင်ရွက်ခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ၊ အလုပ်သမားဝန်ကြီးဌာနမှ အောက်ဖော်ပြပါ ဝန်ထမ်း(၆၅)ဦးအား အမည်ပျက်စာရင်း(Blacklist)သွင်း၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်(Dismiss)လိုက်သည်-
နိုင်သုဝဏ္ဏ
ပြည်ထောင်စုဝန်ကြီး
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စာအမှတ်။ ၇/၁-စီမံ/၂၀၂၁(၀၀၂)
ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်
ဖြန့်ဝေခြင်း
နိုင်ငံတော်သမ္မတရုံး
ဝန်ကြီးချုပ်ရုံး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)
ပြည်ထောင်စုဝန်ကြီးဌာနအားလုံး..."
Source/publisher:
Ministry of Labour
Date of Publication:
2021-09-01
Date of entry:
2021-09-01
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
473.08 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
