Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၂၁)
၁၃၈၃ ခုနှစ်၊ ဝါဆို လဆန်း ၉ ရက်
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြပြီး ပြည်သူနှင့် အတူ ရပ်တည်ပေးနေခဲ့ကြ သော နိုင်ငံ့ဝန်ထမ်းများ၏ လူမှုဘဝဖူလုံရေးနှင့် လုံခြုံရေးကို အထူး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အလုပ်ထုတ်ခံရခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ပင်စင်ခံစားခွင့်မရခြင်း၊ လတ်တလော ကွယ်လွန်သည့်အခါတွင်ပင် နိုင်ငံ့ဝန်ထမ်းတဦးအနေဖြင့် ခံစားခွင့် မရရှိခြင်း စသည့်် မတရားဖိနှိပ်မှုများ ကို ခံစားနေကြရပါသည်။
သို့ဖြစ်ပါ၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဌာနခွဲအသီးသီးရှိ CDM ဝန်ထမ်းများကို ဖိနှိပ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ပြန်သိမ်းခြင်း/ နှင်ထုတ်ခြင်း၊ ပြည်သူ့အစိုးရကပြန်ဆပ်ရန်မလိုဟုထုတ်ပြန်ထားသည့် ၂လစာချေးငွေများ ပြန်လည် တောင်းခံခြင်း တို့ကိုကျူးလွန်နေသည့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ အောက်ပါ ဝန်ထမ်းအကြီးအကဲများကို အမည်ပျက်စာရင်းဝင်သူများအဖြစ် သတ်မှတ် ကြေညာလိုက်ပြီး ၎င်းတို့၏ ရာထူးတည်ရှိမှုအပါအဝင် ကိစ္စအဝဝကို အစိုးရအနေဖြင့် လုံးဝ အသိအမှတ် ပြုတော့မည် မဟုတ်ကြောင်း နှင့် ၄င်းတို့အားလုံးကို ထုတ်ပယ်ပစ် (dismiss) ပြီး ဖြစ်ကြောင်း ကြေညာလိုက်သည်။
စဉ် အမည် ရာထူး ဌာန
၁ ဒေါ်မိမိခိုင် ညွှန်ကြားရေးမှူးချူပ် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန
၂ ဦးအေးကျော် ညွှန်ကြားရေးမှူးချူပ် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန
၃ ဦးဟိန်းထက် ညွှန်ကြားရေးမှူးချူပ် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန
၄ ဦးသန်းနိုင်ဦး ဦးဆောင်ညွှန်ကြားရေးမှူး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း
၅ ဦးရဲတိုးသွင် ဦးဆောင်ညွှန်ကြားရေးမှူး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
၆ ဦးအောင်ကျော်ဦး ယာယီဥက္ကဋ္ဌ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
၇ ဦးတင်အောင် ယာယီဥက္ကဋ္ဌ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
၈ ဦးစိုးမြင့် ဒု-အမြဲတမ်းအတွင်းဝန် ဝန်ကြီးရုံး
၉ ဦးဇော်ဝင်းခိုင် ဒု-ညွှန်ကြားရေးမှူးချုပ် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန
၁၀ ဦးဟန်ဇော် ဒု-ညွှန်ကြားရေးမှူးချုပ် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန
၁၁ ဦးသူရအောင်ဘို ဒု-ညွှန်ကြားရေးမှူးချုပ် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန
၁၂ ဦးမျိုးနိုင် ဒု-ညွှန်ကြားရေးမှူးချုပ် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန
၁၃ ဦးအောင်ဇော်မင်း ဒု-ညွှန်ကြားရေးမှူးချုပ် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန
၁၄ ဦးစိုးဝင်း ဒု-ဦးဆောင် ညွှန်ကြားရေးမှူး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း
၁၅ ဦးသိန်းသူရ အင်ဂျင်နီယာချုပ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
ဦးစိုးသူရထွန်း
ပြည်ထောင်စုဝန်ကြီး..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2021-07-17
Date of entry:
2021-07-17
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
409.49 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
