Description:
"ကြေညာချက်အမှတ် (၆/၂၀၂၁)
၁၆ ဇွန် ၂၀၂၁ ခုနှစ်
၁။ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံတော်ခေါင်းဆောင်များ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးကို ဥပဒေနှင့်ညီညွတ်ခြင်းမရှိပဲအကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ မတရားသော ဥပဒေပုဒ်မများဖြင့် အမှုဆင်အရေးယူခြင်း၊ တရားမျှတမှုမဲ့စွာ စီရင်ဆုံးဖြတ်ပြီး ထောင်သွင်းအကျဉ်းချခြင်းများကို ဆိုးရွားစွာ ဆက်တိုက် ကျူးလွန်လျက်ရှိသည်။
၂။ အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါလုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းသာမက ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ပြစ်မှုကြီးများကို စနစ်တကျ ဂိုဏ်းဖွဲ့၍ ကျူးလွန်နေခြင်းလည်း ဖြစ်သည်။
၃။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားခေါင်းဆောင်များ အပေါ် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နှင့် ပုဒ်မ ၅၅ ⁄ ၆၃ တို့အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် တိုင်ချက်ဖွင့်၍ တရားစွဲဆိုခြင်း၊ အရေးယူရန် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်သူတို့၏ရွေးကောက်တင်မြှောက်မှုဖြင့် တာဝန်ယူခဲ့ကြသော ခေါင်းဆောင်များကို မတရားအာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးချုပ်နှောင်ထားပြီး အမျိုးမျိုးသော ပြစ်မှု ပုဒ်မများဖြင့် အမှုဆင် လုပ်ကြံစွပ်စွဲခြင်းများအနက်မှ တစ်ခုဖြစ်ကြောင်း ထင်ရှားလျက်ရှိသည်။ စစ်ကောင်စီသည် မိမိတို့၏ဥပဒေမဲ့လုပ်ရပ်များကို ဤကဲ့သို့သော မသမာသည့် နည်းလမ်းဖြင့် ခေါင်းဆောင်ကြီးများ၏ ဂုဏ်သိက္ခာကိုထိပါးစေအောင် အာဃာတကြီးစွာ ကြံစည်ပုံဖျက်ခြင်းဖြင့် ထွက်ပေါက်ရမည်ဟု ယူဆပြီး မိုက်မဲစွာ လုပ်ဆောင်ခြင်းသာဖြစ်သည်။
၄။ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုက အာဏာအပ်နှင်းထားသော ပြည်သူ့အစိုးရထံမှ နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူထားခြင်းကြောင့် တရားဝင်အစိုးရမဟုတ်သကဲ့သို့ ၎င်းတို့က ဖွဲ့စည်းထားသော တရားရုံးများသည်လည်း တရားဝင်တရားရုံးများမဟုတ်သည်မှာ ထင်ရှားပါသည်။
၅။ အကြမ်းဖက်စစ်ကောင်စီ၏ အထက်ဖော်ပြပါဆောင်ရွက်ချက်သည် ဥပဒေကို အလွဲသုံးစား လုပ်သည်သာမက နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကျဆင်းထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် ရှက်ဖွယ်လိလိ ဖြစ်စေသည့် တရားစီရင်ရေး ဆိုင်ရာ ယုတ်မာကောက်ကျစ်သည့် လုပ်ဆောင်ချက် သာလျှင်ဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ကြေညာ လိုက်သည်။..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2021-06-16
Date of entry:
2021-06-16
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
495.43 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
