National Unity Government: Ministry of Electricity and Energy Notification No.1/2021 - လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) ၁၃၈၃ ခုနှစ် ကဆုန်လပြည့်ကျော် ၁၄ ရက် (၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်) အကြောင်းအရာ။ ။ လျှပ်စစ်ဓာတ်အားခများကောက်ခံနေမှု နှင့် ပတ်သက်၍ သတိပေးထုတ်ပြန်ခြင်း။ ရည်ညွှန်းချက် ။ ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ၏ ၂၀၂၁ခုနှစ် မတ်လ ၁၈ ရက်စွဲပါ ကြေညာချက် ၃/၂၀၂၁။ ၁။ ယခုကာလသည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသော တရားဝင်အစိုးရထံမှ တရားမဝင် အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်း ၍ အုပ်ချုပ်ရန် ကြံရွယ်နေသောကာလ ဖြစ်သည်။ ၂။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ကို ဖွဲ့စည်းကာ ၂၀၂၁ ခု မတ်လတွင် ‌ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ပြီး ရည်ညွှန်းပါ စာ အတိုင်း ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး လျှော့ချရန် လျှစ်စစ် ဓာတ်အားခ များအား - (က) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ် အားလုံး အတွက် ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်း၊ (ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခ များ ကောက်ခံခြင်းကို သုံးစွဲမှုယူနစ်အားလုံးအတွက် ခေတ္တ ဆိုင်းငံ့ခြင်း တို့ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် အထက် ရည်ညွှန်းပါ ကြေညာချက်ကို ဆက်လက် အတည်ပြုပါသည်။ ၄။ ယခု လပိုင်းများအတွင်း အချို့သော မြို့နယ်များတွင် လျှပ်စစ်မီတာခ ပေးဆောင်ရန် တောင်းခံလွှာပေးပို့ခြင်း၊ မပေးဆောင်ပါက လျှပ်စစ်မီး ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်း ကြားသိနေရပါသည်။ ၅။ လျှပ်စစ်ဖြန့်ဖြူးရေး ဆိုင်ရာ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း များဖြစ်သော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း (ESE)၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) နှင့် မန္တလေး လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) တို့၏ ဝန်ထမ်းများနှင့် ဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော Franchise လုပ်ငန်းများ၏ ဝန်ထမ်းများသည် နိုင်ငံတော် အစိုးရ၏ အမိန့်ကြေညာချက် များကို လိုက်နာကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အနေဖြင့် ကိုဗစ်ကပ်ရောဂါ (COVID-19) ကျရောက်နေခဲ့ပြီး ယခုအခါ စစ်အကြမ်းဖက်မှုဒဏ်ကိုပါခံစားနေရသော ပြည်သူလူထု၏ ဝန်ထုပ်ဝန်ပိုး လျော့ကျစေရန် အောက်ပါအတိုင်း ညွှန်ကြားလိုက်သည်။ (၁) လျှပ်စစ်မီတာခများအား ကောက်ခံနေမှု၊ ပြည်သူလူထုအား ခြိမ်းခြောက်နေမှုကို လုံးဝရပ်ဆိုင်းရန်၊ (၂) နိုင်ငံတော်အစိုးရ၏ ကြေညာချက်အတိုင်း ဓာတ်အားခ မပေးဆောင်ကြသည် ဖြစ်စေကာမူ လျှပ်စစ်ဆိုင်ရာ ပြည်သူလူထု ဝန်ဆောင်မှုများအား ကောင်းမွန်စွာစောင့်ရှောက်ကြရန်၊ ၆။ အထက်ပါ ညွှန်ကြားချက်များအား မလိုက်နာသော ညွှန်ကြားသူ၊ လက်တွေ့လုပ်ဆောင်သူ စသည့် တာဝန်ရှိသူ တစ်ဦးချင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေအရလည်းကောင်း၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂/၁၂၄ ပါအတိုင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာ ဖောက်ဖျက်ပုန်ကန်မှု အဖြစ်လည်းကောင်း၊ အများပြည်သူအကျိုးစီးပွားစောင့်‌ရှောက်ရေး ဥပဒေအရ လည်းကောင်း အရေးယူခြင်းခံရမည်ဖြစ်ကြောင်း နှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော Franchise ကုမ္ပဏီများသည်လည်း အမည်ပျက်စာရင်း (blacklist) သွင်းခံရမည် ဖြစ်ကြောင်း သတိ‌ပေးအပ်ပါသည်။ (စိုးသူရထွန်း) ပြည်ထောင်စုဝန်ကြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-06-08

Date of entry: 

2021-06-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

577.26 KB

Resource Type: 

text

Text quality: 

    • Good