Description:
"အကြမ်းဖက်စစ်ကောင်စီကိုတရားစွဲနိုင်ရေးအတွက်
တိုင်ကြားစာများတရားဝင်တိုင်ကြားနိုင်ကြောင်းကြေညာခြင်း
ကြေညာချက်အမှတ် (၁/၂၀၂၁)
ရက်စွဲ ၊ ၈ ရက် ဇွန်လ ၂၀၂၁ ခုနှစ်
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းပြီးချိန်မှစပြီး အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာဖြင့် အပြစ်မဲ့အရပ်သားများအား ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများနှင့် မြို့များအတွင်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်းစည်းစိမ်များဆုံးရှုံးပြီး အစုလိုက်အပြုံလိုက်ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့သည် သာမာန် ရာဇဝတ်မှုများမဟုတ်ပေ။ စစ်အာဏာတည်မြဲရေးအတွက် စနစ်တကျရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံအနှံ့ရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံလူသားများအပေါ် ကျူးလွန်သည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုဖြစ်သည်။
၅.၆.၂၀၂၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီက အပြစ်မဲ့အရပ်သားများကို ပစ်မှတ်ထား၍ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကို ကျူးလွန်သဖြင့် ပြည်သူလူထု ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ ပျောက်ဆုံးနေသူများလည်း ရှိသည့်အပြင် လှေဆွဲကျေးရွာအပါအဝင် ရွာပေါင်း (၅) ရွာမှ ပြည်သူများအနေဖြင့်လည်း ထွက်ပြေးတိမ်းရှောင်နေကြရသောဖြစ်စဉ်သည် လက်တလောသက်သေ သာဓကဖြစ်ရပ်တစ်ခုဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူသားများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ အတွက် တာဝန်ရှိသူများကို တရားမျတမှုအောက်သို့ခေါ်ဆောင်ပြီး ပြည်တွင်းတရားရုံးများနှင့် နိုင်ငံတကာရာ ဇဝတ်ခုံရုံးများတွင် ကြီးလေးသောပြစ်ဒဏ်ပေးနိုင်ရန် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကာကွယ်နိုင်ရန် နှင့် အသွင်ကူးပြောင်မှုကာလ တရားမျတမှုကို ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ ဆောင်ရွက်နေပြီဖြစ်သည်။
အထက်ပါလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာဖြင့် တရားရေးလုပ်ငန်းစဉ်များနှင့်အညီ တရားစွဲဆောင် ရွက်နိုင်ရန်အတွက် အသက်အိုးအိမ်ဆုံးရှုံးခဲ့ရသော မိသားစုများမှ သက်သေအထောက်အထားပြည့်စုံစွာဖြင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝက်ဆိုက် (https://mohai.nugmyanmar.org/) တွင် လုံခြုံစွာ တိုင်ကြားပေးကြပါရန် (တိုင်ကြားသူများ၏ အချက်အလက်များလုံခြုံရေးကို တာဝန်ခံ ထိမ်းသိမ်းပါမည်) နှင့် မိမိတို့မြို့ရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖတ်မှု မှတ်တမ်းများကို ပေးပို့ခြင်းဖြင့် အကြမ်းဖတ်စစ်ကောင်စီကို ထိရောက်စွာ အပြစ်ပေးဆောင်ရွက်နိုင်ရေး အတွက် ကျဆုံးခဲ့ကြသော နွေးဦးတော်လှန်ရေးသူရဲကောင်းများကိုယ်စား ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အနူးအညွတ်ပန်ကြားအပ်ပါသည်။
အဆိုပါတိုင်ကြားစာများနှင့်မှတ်တမ်းမှတ်ရာများကို အသုံးပြုပြီး အမျိုးသားညီညွှတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သီးသန့်ပြည်တွင်းတရားရုံးများ ထူထောင်၍ဖြစ်စေ၊ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ဖြစ်စေ တင်ပို့တရားစွဲဆိုပြီး အပြစ်ရှိသူများအား ကြီးလေးထိုက်သင့်သည့် ပြစ်ဒဏ်များကို ချမှတ်အပြစ်ပေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ပုံ
လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ..."
Source/publisher:
Ministry of Home Affairs and Immigration via National Unity Government of Myanmar
Date of Publication:
2021-06-08
Date of entry:
2021-06-08
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
437.1 KB
Resource Type:
text
Text quality:
- Good
Remote URL:
html (Burmese version)
Remote URL:
fbml (Burmese version)
