Sub-title:
The Statement of CRPH regarding the approval of unrepresentative military junta person to be an observer at 42nd General Assembly - အာဆီယံလွှတ်တော်ညီလာခံတွင် စစ်ကောင်စီမှ ကိုယ်စားလှယ်အား လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဘောထားထုတ်ပြန်ချက်
Description:
"အာဆီယံလွှတ်တော်ညီလာခံတွင် စစ်ကောင်စီမှ ကိုယ်စားလှယ်အား လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ သဘောထားထုတ်ပြန်ချက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် (၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံ (AIPA) အစည်းအဝေးတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အားတက်ရောက်ခွင့် မပြုခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်ပါသည်။
ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ်များအပြင် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ လွှတ်တော်ကိုယ်စားလှယ်များမှလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလျက်ရှိသည်။
အာဆီယံပါလီမန်များညီလာခံ (AIPA)သည် အာဆီယံလွှတ်တော်များအတွက် အမြင့်ဆုံးလွှတ်တော် အဖွဲ့အစည်း တစ်ရပ်ဖြစ်ပြီး (၄၂) ကြိမ်မြောက်ညီလာခံအား ဘရူနိုင်းနိုင်ငံတွင် ဩဂုတ်လ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်မြတ်သီတာထွန်းနှင့် ဦးစည်သူမောင်တို့မှ တက်ရောက်ရန် အမည်စာရင်း တင်သွင်းခဲ့သည်။
အာဆီယံပါလီမန်ညီလာခံ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူးနိုင်းဥပဒေပြုကောင်စီ ဥက္ကဋ္ဌ H.E. Pehin Dato Abdul Rahman Taib သည် မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖွဲ့၏ အမည်စာရင်းတင်သွင်းမှု အကြောင်းကြားစာအား လွှတ်တော်ဆိုင်ရာ ယဉ်ကျေးမှုနှင့်အညီ ပြန်ကြားခဲ့ခြင်းမရှိသေးပါ။ ထိုသို့ အကြောင်း တစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိဘဲ ချန်လှပ် ထားသည့် AIPA ဥက္ကဋ္ဌ၏ လုပ်ဆောင်မှုသည် အာဆီယံလွှတ်တော် အသိုက်အဝန်းအား ဒီမိုကရေစီစံနှုန်းနှင့်မညီသော၊ ကိုယ်စားပြုနိုင်မှုမရှိသည့် လမ်းစဉ်တစ်ခုသို့ ဦးတည်စေခဲ့ခြင်း ဖြစ်သည်ဟူ၍သာ မှတ်ယူပါသည်။
ပို၍ဆိုးရွားသည်မှာ AIPA ဥက္ကဋ္ဌ အနေဖြင့် ရွေးကောက်ခံမဟုတ်သော ကိုယ်စားပြုမှုမရှိသည့် အာဏာသိမ်းစစ်တပ်မှ ပုဂ္ဂိုလ်တစ်ဦးအား လေ့လာသူအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဤဖြစ်ရပ်သည် ဒီမိုကရေစီကိုကျော်လွန်ပြီး အာဏာရှင်စနစ်ကို ရွေးချယ်ခြင်း၊ လိုက်နာရမည့် နိုင်ငံရေးစည်းမျဉ်းကို ကျော်လွန်ပြီး နိုင်ငံရေးသတ္တိကြောင်မှုကို ရွေးချယ်ခဲ့ခြင်းသာဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အား ချန်လှပ်ထားခြင်းသည် AIPA ၏ လွှတ်တော်ဆိုင်ရာလွတ်လပ်မှုနှင့် ကမ္ဘာ့လွှတ်တော် အသိုက်အဝန်းအကြား ၎င်း၏ ရပ်တည်မှုကို ဝမ်းနည်းဖွယ် ထိခိုက်စေလိမ့်မည်ဖြစ်သည်။
AIPA သည် အာဆီယံဒေသတွင်း၌ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောမှု စသည့် အခြေခံစည်းမျဉ်းများကို မြှင့်တင်ရန် ပြဋ္ဌာန်းချက်များကို ၎င်း၏ဥပဒေများတွင် ထည့်သွင်းထားသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ ပုဒ်မ (၂၁) တွင်လည်း ပြည်သူလူထုက ၎င်းတို့၏ ကိုယ်စားပြုသူများကို လွတ်လပ်စွာ ရွေးချယ်ရန် အသိအမှတ်ပြုထားသည်။ ထိုအချက်များကို ဟန်ပြသက်သက်သာ ဆောင်ရွက်ရန် (သို့မဟုတ်) မိမိ၏ အခြေခံမူဝါဒ ကို ကျော်လွန်ရွေးချယ်ရန် ဆုံးဖြတ်ပါက ဤ (၄၂)ကြိမ်မြောက် AIPA ညီလာခံသည် ရှက်ဖွယ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွား လိမ့်မည်ဖြစ်ပါသည်။
နားလည်မှုတစ်စုံတစ်ရာ လွဲချော်ခဲ့ခြင်းဖြစ်ပါက အလျင်အမြန်ရှင်းလင်းရန်လိုအပ်ပြီး မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်အဖွဲ့အား ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့ပါက ကျွန်ုပ်တို့သည် အစည်းဝေးသို့ အလေးထားစွာဖြင့် ပါဝင်တက်ရောက်ရန် အဆင်သင့်ရှိပါသည်။ အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့များအနေဖြင့်လည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့အား ညီလာခံသို့ တက်ရောက်နိုင်ရေးအတွက် တောင်းဆိုပေးပါရန် လေးလေးနက်နက်တိုက်တွန်းအပ်ပါ သည်။..."
Source/publisher:
Committee Representing Pyidaungsu Hluttaw (CRPH)
Date of Publication:
2021-08-22
Date of entry:
2021-08-22
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
353.62 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (English + Burmese versions)
