Committee Representing Pyidaungsu Hluttaw: Press Release No.12 - ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်( ၁၂ )

Description: 

"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ် ( ၁၂ ) ရက်စွဲ။ ။၂၀၂၁ ခုနှစ်၊ဧပြီလ၊ ၂၆ ရက်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)သည် ပြည်ထောင်စုလွှတ်တော်ကိုယ် စားလှယ်များ၏ တာဝန်လွှဲအပ်မှုဖြင့် ၅-၂-၂၀၂၁ ရက်မှစတင်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့်ဖွဲ့စည်းကာလွှတ်တော်တာဝန်များ စတင် ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သည့်တိုင်းရင်းသားကိုယ်စားလှယ်များကို ထပ်မံတိုးချဲ့ကာ အဖွဲ့ဝင် ၁၇ ဦးဖြင့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ၂၀-၄-၂၀၂၁ ရက်တွင်ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်ပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ တွင် အဖွဲ့ဝင်များအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ ၁။ ဦးအောင်ကြည်ညွန့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၆) မကွေးတိုင်းဒေသကြီး။ ၂။ ဦးလမာနော်အောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကချင်ပြည်နယ်ပြည်သူ့ပါတီ အင်ဂျန်းယန်မဲဆန္ဒနယ် ကချင်ပြည်နယ်။ ၃။ ဦးစည်သူမောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပန်းဘဲတန်းမဲဆန္ဒနယ် ရန်ကုန်တိုင်း။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-04-26

Date of entry: 

2021-05-09

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

78.24 KB

Resource Type: 

text

Text quality: 

    • Good