All Burma Federation of Student Unions: Announcement No.8/2021 - ကြေညာချက်အမှတ် ၈ / ၂၀၂၁: ကိုဗစ်-၁၉ ရောဂါပိုး ပြန့်ပွားနေသည့် အခြေအနေနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ သဘောထား ထုတ်ပြန်ကြေညာချက်

Description: 

"ကြေညာချက်အမှတ် - ၈ / ၂၀၂၁ နေ့စွဲ - ၁၂ / ၇ / ၂၀၂၁ ယခုကာလသည် ကျွန်ုပ်တို့ တိုင်းပြည်တွင် ဖက်ဆစ်စစ်အုပ်စု၏ စစ်အာဏာသိမ်းမှုနှင့် COVID – 19 ရောဂါဘေးကို လူထုလူတန်းစားပေါင်းစုံ ကြုံတွေ့ခံစားနေရသည်။ အာဏာသိမ်း ဖက်ဆစ်အုပ်စုသည် စစ်အာဏာတည်တံ့ခိုင်မြဲရေးအတွက် COVID – 19 ကပ်ရောဂါကို ဇီဝလက်နက်တခုသဖွယ် အသုံးပြုပြီး ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်လျှက်ရှိသည်။ ပြည်သူလူထုဘက်တွင် မားမားမက်မက် ရပ်တည်ကာ CDM ပြုလုပ်ခဲ့သော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုများ ကျူးလွန်နေသည့် ဖက်ဆစ်စစ်အုပ်စုသည် ယခုကာလတွင် ကပ်ဘေးရောဂါကို မထိန်းချုပ်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ပြည်သူလူထုတွင် ကြုံတွေ့နေရသော ကပ်ဘေးရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ဖမ်းဆီးထားသူများကို အမြန်ဆုံးလွှတ်ပေးပြီး တရားစွဲဆိုထားသော CDM ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ပြည်သူလူထုအတွက် လွတ်လပ်စွာ ဆေးကုသခွင့်ပြုရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က သတိပေးလိုက်သည်။ ဖက်ဆစ်အုပ်စုအနေဖြင့် ပြည်သူလူထုအား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေမှုများနှင့် ကပ်ရောဂါကို ဇီဝလက်နက်တခုသဖွယ် အသုံးပြုပြီး ဖိနှိပ်ချုပ်ချယ်နေမှုများအား ကျွန်ုတို့ ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချသည်။ လူထုလူတန်းစားပေါင်းစုံ ပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း ကြုံတွေ့နေရသည့် စစ်အာဏာရှင်စနစ် အပါအဝင် ကပ်ရောဂါကိုပါ တပါတည်းတိုက်ဖျက်ကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း ပြည်သူလူထုနှင့်လက်တွဲကာ စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်သည်အထိ နည်းလမ်းပေါင်းစုံသုံး၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူလူထု တရပ်လုံးအတွက် ကပ်ရောဂါဘေးထိန်းချုပ်ရေး လုပ်ငန်းများအား အင်တိုက်အားတိုက် ဆောင်ရွတ်သွားမည်ဖြစ်သည်။ ဖက်ဆစ်ကိုလည်းတိုက်၊ ကိုဗစ်ကိုလည်းတိုက် ဗဟိုအမှုဆောင်အဖွဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်..."

Source/publisher: 

All Burma Federation of Student Unions

Date of Publication: 

2021-07-12

Date of entry: 

2021-07-12

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

363.91 KB

Resource Type: 

text

Text quality: 

    • Good